သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလောင်းတွေမြှုပ်နှံရာ ၁၃၉ နေရာ မလေးရှားမှာထပ်မံတွေ့ရှိ


မလေးရှားမှုခင်းစစ်ရဲတပ်ဖွဲ့ဝင်တွေ ထိုင်းနယ်စပ်ကနားက လူသေအလောင်းတွေကို သယ်ဆောင်လာစဉ်။ (မေ ၂၅၊ ၂၀၁၅)
မလေးရှားမှုခင်းစစ်ရဲတပ်ဖွဲ့ဝင်တွေ ထိုင်းနယ်စပ်ကနားက လူသေအလောင်းတွေကို သယ်ဆောင်လာစဉ်။ (မေ ၂၅၊ ၂၀၁၅)

ထိုင်းနိုင်ငံနဲ့ကပ်လျက် မလေးရှားနယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အလောင်းတွေလို့ ယူဆရတဲ့ လူသေအလောင်းတွေ မြှုပ်ထားတဲ့ နေရာ ၁၃၉ နေရာကို ရှာတွေ့ခဲ့တဲ့အကြောင်း မလေးရှားရဲချုပ်က ပြောပါတယ်။

တချို့နေရာတွေမှာ အလောင်းတလောင်းထက် မနည်းကို တနေရာတည်းမှာ မြှုပ်ထားတယ်လို့ ဆိုပါတယ်။ လူမှောင်ခိုကူးမှုစခန်းတွေလို့ သံသယရှိတဲ့ နေရာ ၂၈ နေရာမှာ ဒီလူသေ အလောင်းတွေ မြှုပ်ထားတာကို တွေ့ခဲ့ရတာလို့ နိုင်ငံတော်ရဲချုပ် Khalid Abu Bakar က ပြောပါတယ်။ ဒီစခန်းတခုချင်းစီမှာ လူ ၂၀ ကနေ ၃၀၀ လောက်အထိ ရှိခဲ့ပုံရတယ်လို့လည်း သူက ပြောပါတယ်။ အလောင်းတူးတဲ့အဖွဲ့တွေက ဒီအလောင်းတွေကို ဖော်ထုတ်ပြီး ခွဲစိပ် စစ်ဆေးမှုတွေလုပ်သွားမယ်လို့လည်း ရဲချုပ် Baker က ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို လူတွေ ထောင်ပေါင်းများစွာ ခိုးဝင်မှုတွေနဲ့အတူ အရှေ့တောင်အာရှဒေသဟာ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ ရွှေ့ပြောင်း ဝင်ရောက်သူအများစုကတော့ သူတို့ တိုင်းပြည်တွေမှာ ဆင်းရဲမွဲတေမှုတွေနဲ့ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ကြိုးစားရင်း ခုလို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG