သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အရှေ့ပိုင်း ရေကြီး


မလေးရှား ရေကြီးနေစဉ်။ (ဒီဇင်ဘာ ၂၅၊၂၀၁၂။)
မလေးရှား ရေကြီးနေစဉ်။ (ဒီဇင်ဘာ ၂၅၊၂၀၁၂။)
မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။ မုတ်သုန်မိုးကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ အိမ်တွေနဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ရပြီးတဲ့နောက် အရှေ့ပိုင်း ပြည်နယ် အများအပြားမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

အခုဆိုရင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ပြင်းထန်စွာ ခံလိုက်ရတဲ့ ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပါတယ်။ အခြေအနေဟာ ပိုပြီးတော့မှ ဆိုးဝါးလာနိုင်ခြေရှိတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ မုတ်သုန်ရာသီဟာ ဖေဖော်ဝါရီလအထိဖြစ်ပါတယ်။
XS
SM
MD
LG