သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွမ်းကျင်လုပ်သား မလေးရှား ပြန်ခေါ်ယူ


(ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
(ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)

မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့ တောင်းဆိုမှုတွေကြောင့် ဖေဖေါ်ဝါရီလ ၁၅ ရက်၊ တနင်္လာနေ့က စတင်ပြီး ပြန်လည် လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပေးမှာပါ။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တခုဖြစ်တဲ့ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ပြန်လည်ခန့်အပ်တဲ့ အစီစဉ်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း မလေးရှားအစိုးရက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန် ခဲ့တာပါ။ မလေရှားနိုင်ငံမှာ တနှစ်ခွဲနီပါးကြာ ရပ်နားထားတဲ့ အလုပ်လုပ်ခွင့်ပါမစ်တွေကို မလေးရှား အစိုးရက ပြန်ပြီး ထုတ်ပေးတော့မဲ့အခြေအနေကို မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက အခုလိုရှင်းပြပါတယ်။

“ဒီလ ၁၅ ရက်နေ့ကစပြီး စပေးတော့မှာ ။ ၁၅ ရက်နေ့ကစပြီး လျှောက်လို့ရပြီအမ။ ၂၀၁၄ အောက်တိုဘာတုန်းက ပိတ်ထားတာလေ။ အခုပြန်ဖွင့်တာ ၃ လအတွင်းပြန်လုပ်ရမယ်လို့ ပြောထားတယ်အမ ။ ပါမစ်မရှိတဲ့လူတွေကို ပါမစ်ပြန်ပေးမယ်။ ၃ လအတွင်းပြန်လုပ်ပေါ့ ။ တချို့ကုမ္ပဏီကလည်း ပြန်ဖွင့်ထားတယ်ပေါ့။ လူလိုတဲ့ ကုမ္ပဏီတွေကိုလည်း ပါမစ်ပေးဖို့ ပြန်ဖွင့်ထားတယ်။ အခုကျနော်တို့ ကုမ္ပဏီမှာလည်း ဒီအတိုင်းပဲ။ နှစ်ချို့သမားတွေ ပြန်ချင်တဲ့လူရှိတယ်။ မပြန်ချင်တဲ့လူတွေဆိုရင် ပြန်လျှောက်ပေးမယ်လို့ပြောထားတယ်။ အခု ကျနော်တို့ တခြားနိုင်ငံကလူတွေကို သိပ်မခေါ်တော့ဘူး။ ဒီမှာရှိတဲ့လူမှန်သမျှကိုသူက ပြန် rotate လုပ်ချင်တဲ့ပုံစံမျိုးပေါ့။ လူသစ်မခေါ်တော့ဘူး အဲလိုမျိုးပုံစံနဲ့။”

ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်အပ်တဲ့ အစီစဉ်အရ ပါမစ်ရပြီဆိုရင် အချိန်နဲ့ လုပ်ရတာ အခွန်တွေပေးဆောင်ရတာတွေ ရှိတယ်လို့လည်းဆက်ပြောပြပါတယ်။

“ပါမစ်ကတော့ time to time ပေါ့။ သူ့ရဲ့ time table နဲ့ဆင်းရတာပေါ့။ OT ရှိရင်ရှိတယ်၊ OT မရှိရင်မရှိဘူး။ ပြီးတော့ living စားရိတ်တွေဖြတ်မယ်၊ ဝန်ဆောင်ခတွေ၊ ရေဖိုးမီးဖိုးတွေဖြတ်မယ်။ အဲဒါတွေအများကြီးရှိတာပေါ့။ သူဌေးနဲ့ဆိုင်တယ်။ တချို့မြန်မာတွေများသောအားဖြင့်က သူတို့ မှာ အရင်က passport တွေအကုန်လုံး လုပ်ထားကြတာလေ။ လုပ်ထားတော့ သူတို့က ဝင်ချင်တဲ့ ကုမ္ပဏီကို ဝင်တယ်။ အဲဒီက permit job ထုပေးတယ်။ အဲဒီမှာ လုပ်ပြီးတော့ မကြိုက်ဘူးဆိုရင် နောက်အဲလိုမျိုးအလုပ်ပြောင်းပေါ့ အမ။”

မိမိနှစ်သက်ရာ ကုမ္ပဏီကိုပြောင်းရွေ့လုပ်ချင်တဲ့သူတွေရှိကြသလို တချိုကတော့ ကုမ္ပဏီတခုကနေ သတ်သတ်မှတ်မှတ် အလုပ်ခန့်အပ်တာမျိုးကို ကြိုက်နှစ်သက်တာ တွေရှိကြတယ်လို့ ဆိုပါတယ်။ မကြာသေးခင်တုန်းကတော့ မလေးရှား အစိုးရက နိုင်ငံခြားသား အလုပ်သမားခွန်ဖြစ်တဲ့ (levy) ကြေးကို ၂ ဆ ကောက်ခံလိုက်တဲ့အတွက် အလုပ်ရှင်တွေကော အခြေခံ အလုပ်သမား အတော်များများအတွက်ပါ အခက်တွေ့ကြုံရတဲ့အတွက် ကန့်ကွက် ဝေဖန်မူတွေရှိတာကြောင့် ဒီအစီစဉ်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခေတ္တရပ်နားထားပြီး မကြာခင်မှာတော့ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားအလုပ်သမားခွန်ဟာ တခြားအလုပ်သမားတွေအတွက် အခက်အခဲ ရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

“လစာနဲ့လည်းမကိုက်ဘူးလေ။ တကယ်လို့ သူတို့ တလ ရဲ့လစာက basic ၉၀၀ ဆိုရင် နေစရိတ်က ၁၄၀ ဖြတ်တယ်။ တကယ်လို့ နောက်ထပ် ၁၅ ရက်ပြီးသွားရင် တလကို ၂၀၈ ကျပ်ဖြတ်မှာ။ ဒါကြောင့်လစာနဲ့မကိုက်တော့ဘူး။ ကုမ္ပဏီတွေက အဲဒီလို complaine လုပ်ပြီး ရပ်ဆိုင်းလိုက်တာ အဲဒီလိုမျိုးပုံစံနဲ့ ။”

ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ မလေးရှားကို သွားမဲ့သူတွေအတွက် ဗီဇာကြေးကို အရင်ကထက် ၁၀ တိုး ကောက်ခံလိုက်တဲ့အတွက် မလေးရှားကို အလုပ်သမား တင်ပို့နေတဲ့ ကုမ္ပဏီတွေကြားမှာလည်း ကန့်ကွက်ဆန္ဒပြမဲ့ အခြေအနေအထိ မကျေလည်မူတွေ ဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတေ့ာ မလေးရှားမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာတွေအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်နိုင်ဖို့အတွက် စီအိုင်လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်တွေ ထုတ်ပေးနေပြီး၊ တချို့ကိုလည်း နေရပ်ရင်းကို ပြန်လည်ပို့ဆောင်ပေးနေပါတယ်။

XS
SM
MD
LG