သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးပြဿနာ နိုင်ငံတကာ ကူညီဖို့ မလေးရှား တိုက်တွန်း


လှေစီးပြေးဒုက္ခသည်များ
လှေစီးပြေးဒုက္ခသည်များ

အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေ ကမ်းခြေတွေကို လှေစီးပြေး ဒုက္ခသည်တွေ ပြီးခဲ့တဲ့ တလလောက်အတွင်း ထောင်နဲ့ချီ ရောက်လာပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကလည်း ဝိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ ဒါကြောင့်လည်း မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တရားမဝင် ရောက် လာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားပါတယ်။ ကျနော်တို့ဆီရောက်လာသူ အားလုံးကိုတော့ လက်ခံမထားနိုင်ပါဘူး။ အခုဆိုရင် မလေးရှားနိုင်ငံက တရားဝင်လက်ခံထားတဲ့ ရိုဟင်ဂျာ ၂၀၀,၀၀၀ လောက် ရှိပါတယ်။ ပင်လယ်ပြင်ထဲ မျောနေတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လက်ခံထားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမယ့် ကျနော်တို့ ပြောခဲ့သလိုပါဘဲ၊ ဒီကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့ အတွက် အကူအညီ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်း က ဝိုင်းဝန်း ကူညီပေးကြဖို့ လိုပါတယ်။ ကျနော်တို့ လက်ခံထားတယ် ဆိုတာက ရေတို ဖြေရှင်းတဲ့ နည်းလမ်းပါ။ ကျနော်တို့အနေနဲ့ သူတို့ကို တနှစ်လောက် လက်ခံထားလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ဒီဝန်ထုပ်ဝန်ပိုးကို မျှေ၀ တာဝန်ယူကြဖို့ လိုပါတယ်။”

ဒီဒုက္ခသည်တွေအရေးအတွက် အမေရိကန်ပြည်ထောင်စုကလည်း ဒေါ်လာ သန်းပေါင်းများစွာ အကူအညီတွေ ပေးပြီးဖြစ်သလို တချို့ကိုလည်း အမေရိကန်နိုင်ငံ အတွင်း ပြန်လည် နေရာချထားပေးပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရအမျိုးသမီး Jen Psaki က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG