သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကျင်းပဖို့ မလေးရှားလွှတ်တော် ဖျက်သိမ်း


မလေးရှားလွှတ်တော်ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် Najib Tun Razak ကြေညာ (၃ ဧပြီ ၂၀၁၃)
မလေးရှားလွှတ်တော်ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် Najib Tun Razak ကြေညာ (၃ ဧပြီ ၂၀၁၃)
မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်လုပ်နိုင်ဖို့ လွှတ်တော်ကို ဝန်ကြီးချုပ် နဂျစ် ရာဇတ် (Najib Tun Razak) က ဖျက်သိမ်းလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မလေးရှားနိုင်ငံမှာ ဆယ်စုနှစ် ၆ ခုနီးပါး အာဏာချုပ်ကိုင်လာတဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့အတွက် စိန်ခေါ်အကဲစမ်းမှုလည်း ဖြစ်လာနိုင်ပါတယ်။

မနေ့ကလုပ်တဲ့ ရုပ်သံကနေ ပြောတဲ့ မိန့်ခွန်းမှာတော့ သူတို့ အမျိုးသားတပ်ဦး ညွန့်ပေါင်းအစိုးရအနေနဲ့ အောင်မြင်မှုတွေကို ဝန်ကြီးချုပ် ရာဇတ် က ချီးကျူးအောင်ပွဲ ခံ ပြောဆိုပါတယ်။ လာမယ့် ရွေးကောက်ပွဲကနေ ခိုင်မာအားကောင်းတဲ့ ကိုယ်စားလှယ် ထွက်လာမယ်လို့လည်း သူ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရဆိုရင်တော့ ဒုတိယ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ အန်နဝါ အီဗရာဟင် (Anwar Ibrahim) ရဲ့ ၃ ပါတီညွန့်ပေါင်းအဖွဲ့ဟာ အလားအလာ အတော်လေး ကောင်းနေပါတယ်။

၂၀၀၈ ခုနှစ် စစ်တမ်းတွေအရလည်း အဲ့ဒီအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဟာ အာဏာရ ညွန့်ပေါင်းရဲ့ နေရာအတော်များများမှာ အနိုင်ရ လွှမ်းမိုးထားပါတယ်။ မကြာခင် လာမယ့် သီတင်းပတ်တွေအတွင်းမှာတော့ ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

မလေးရှား ဖွဲ့စည်းပုံအရဆိုရင်တော့ လွှတ်တော်ဖျက်သိမ်းပြီး ၂ လအတွင်းမှာ
ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG