သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ


မလေးရှားနိုင်ငံမှာ အတိုက်အခံတွေက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်း ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားကပဲ လူပေါင်းထောင်သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ဦးဆောင်ပြီး ဒီကနေ့ ဆန္ဒပြမယ့်အစီအစဉ်အတွက် ခွင့်ပြုချက် တောင်းခံထားတာမျိုး မရှိတဲ့အတွက် တရားမဝင်ဘူးလို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ (Ismail Omar) က သတိပေးထားတာပါ။

မလေးရှားနိုင်ငံရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေအရ ဆိုရင်တော့ ဆန္ဒပြတာတွေ၊ လူထု စုဝေးပွဲတွေအတွက် စီစဉ်သူတွေက ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကွာလာလမ်ပူမြို့က အားကစားရုံမှာ စုဝေးခဲ့ကြတဲ့ ဆန္ဒပြပွဲမှာတော့ လူပေါင်း ၄၀,၀၀၀ လောက် ပါဝင်ခဲ့တယ်လို့လည်း AP သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

မလေးရှား ဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကတော့ ဒီဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ကန့်သတ်ထားတဲ့ ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်ကို စိန်ခေါ်သွားဖို့ အပြင်းအထန် လှုပ်ရှားသွားမယ်လို့လည်း သူက ပြောဆိုထားတာပါ။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ လွတ်လပ်ရေးရပြီးကတည်းက တလျှောက်လုံး တိုင်းပြည် အာဏာရလာတဲ့ အမျိုးသားတပ်ဦး မဟာမိတ်အဖွဲ့ က ထောက်ခံမဲတချို့ လျော့ပြီး ရခဲ့ပေမဲ့လည်း အနိုင်ရခဲ့တဲ့အကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG