သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီသူပုန်စစ်ဆင်ရေး ပြင်သစ်တပ်စတင်


စစ်သုံးသံချပ်ကာကား ၂ စီးနဲ့ ပြင်သစ်စစ်သားများ မာလီနိုင်ငံမြို့တော် Bamako ကိုဖြတ်ပြီ Mopti မြို့ကို ချီတက်နေစဉ်။ (၀၁၊၁၅၊၂၀၁၃။)
စစ်သုံးသံချပ်ကာကား ၂ စီးနဲ့ ပြင်သစ်စစ်သားများ မာလီနိုင်ငံမြို့တော် Bamako ကိုဖြတ်ပြီ Mopti မြို့ကို ချီတက်နေစဉ်။ (၀၁၊၁၅၊၂၀၁၃။)
မာလီနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့တွေက မြေပြင်စစ်ဆင်ရေးတွေ စတင်လာရာမှာ နိုင်ငံမြောက် ပိုင်းက နေရာ အတော်များများကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေရှိရာ နယ်မြေ ရဲ့တောင်ဘက်နားက မြို့တမြို့ဖြစ်တဲ့ Niono အထိ ရောက်လာပါတယ်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian ကတော့ မာလီစစ်ပွဲဟာ ကြာမြင့် လိမ့်မယ်လို့ ပြောဆိုခဲ့သလို ပြင်သစ်တပ်တွေက သူပုန်တွေ ထိန်းချုပ်ရာဒေသကို ဦးတည် ချီတက်နေပြီဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ နိုင်ငံမြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ပြင်သစ် တပ်တွေကို စစ်ကူပေးဖို့ သံချပ်ကာကားတန်း တခုဟာလည်း အင်္ဂါနေ့မှာပဲ မြို့တော် Barmako ကနေ ထွက်ခွာ သွားခဲ့ကြောင်း မာလီနိုင်ငံမှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြော ပါတယ်။

မာလီနိုင်ငံ ယာယီအစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက တပ်တွေကို သောကြာနေ့ က စတင်စေလွှတ်နေတာပါ။ အင်အား ၂၅၀၀ လောက်အထိ စေလွှတ်မှာ ဖြစ်သလို အခြေအနေတွေ တည်ငြိမ်မှုရတဲ့အထိ တပ်တွေကို ထားရှိမှာ ဖြစ်တယ်လို့ လည်း ပြင်သစ် အစိုးရက ပြောထားပါတယ်။

မာလီနိုင်ငံက အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အကူအညီပေးဖို့ အနောက် အာဖရိက နိုင်ငံတွေက စစ်ကူ ၃,၃၀၀ စေလွှတ်ဖို့ ကုလသမဂ္ဂက ခွင့်ပြုထားတဲ့အထဲ မှာ နိုင်ဂျီးရီးယားနိုင်ငံ ကတော့ စစ်သား ၁၉၀ စေလွှတ်သွားမှာပါ။ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ မာလီနိုင်ငံစစ်တပ်ထဲက ပုန်ကန်သူတွေ အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ယာယီအားဖြင့် တိုင်းပြည်ကို ဦးဆောင်မယ့်သူမရှိဘဲ ဖြစ်နေချိန်မှာ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်တဲ့ အစ္စလာမ် အစွန်းရောက် လက်နက်ကိုင်တွေက နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်သိမ်းပိုက်ခဲ့ကြတာ ဖြစ်ပါ တယ်။
XS
SM
MD
LG