သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသား ၄၁ ဦးကို အယ်ဂျီးရီးယား စစ်သွေးကြွတွေဖမ်းဆီး


မာလီနိုင်ငံမှာ ပြင်သစ်ဦးဆောင်တဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံခြားသား ၄၁ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အယ်လ်ဂျီးရီးယားနိုင်ငံက စစ်သွေးကြွအဖွဲ့တွေက ပြောလိုက်ပါတယ်။

အဲဒီလို ဖမ်းဆီးထားတဲ့သူတွေထဲက ၇ ယောက်ဟာ အမေရိကန်တွေဖြစ်တယ်လို့ အစ္စလာမစ်ဝါဒီ Maghreb အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မာလီနိုင်ငံမှာ အမေရိကန်အနေနဲ့ ပြင်သစ်ကို အကူအညီပေးချင်တယ်ဆိုရင်တော့ အဲဒီရဲ့ အကျိုးဆက်ကို ခံရမှာဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Oumar Hamaha က ပြောပါတယ်။
ပြင်သစ်နိုင်ငံက စစ်ကြေညာခဲ့ပြီး အဲဒီစစ်ရေးတိုက်ခိုက်မှုတွေကို ဆက်ပြီးတော့ လုပ်နေမယ်ဆိုရင် အနောက်နိုင်ငံသားတွေအနေနဲ့ ထိခိုက်လာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland ကလည်း အဲဒီဖမ်းဆီးထားတဲ့ သူတွေထဲမှာ အမေရိကန်နိုင်ငံသားတွေ ပါဝင်နေတယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်နဲ့ အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ် Abdelmalek Sellal တို့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။
XS
SM
MD
LG