သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကျန်းမာရေး အခြေအနေကြောင့် မိသားစုဝင်တွေ အရေးပေါ်တွေ့ဆုံ


အဆုတ်အအေးမိ ရောဂါခံစားနေရတဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ ကျန်းမာရေး အခြေအနေ ပိုပြီး ဆိုးရွားလာတာကြောင့် သူ့ရဲ့ နေအိမ်မှာ ဆွေမျိုးတွေ စုရုံးအားပေးခဲ့ကြပါတယ်။ မစ္စတာ မန်ဒဲလားရဲ့ သားသမီးတွေက မိသားစုနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ အစည်းအဝေး ခေါ်ခဲ့ကြတယ်လို့ တောင်အာဖရိက သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုဟာ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဆုတ်ယုတ်လာနေတဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်မယ်လို့ ယူဆကြပါတယ်။ ဆွေမျိုးမိသား စုတွေဟာ Cape ပြည်နယ်အရှေ့ဘက် Qunu မှာရှိတဲ့ အိမ်ကို နေ့ခင်းပိုင်းကတည်းက စုဝေးရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ အခြေအနေဟာ ထူးခြား ပြောင်းလဲမှု မရှိဘဲ သက်တောင့်သက်သာ ရှိစေဖို့အတွက် ဆရာဝန်တွေက အတတ်နိုင်ဆုံး ပြုစုပေးနေကြတယ်လို့ သမ္မတ ဂျကော့ ဇူးမား (Jacob Zuma) က စောစောပိုင်းက ပြောဆိုခဲ့ပါတယ်။

အဆုတ်အအေးမိ ရောဂါခံစားရတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က အသားရောင် ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် မစ္စတာ မန်ဒဲလား ကို Pretoria ဆေးရုံမှာတင်ပြီး ကုသခဲ့ရတာဖြစ်ပါတယ်။
XS
SM
MD
LG