သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား ကျန်းမာရေးစိုးရိမ်ရ


တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား
တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား
တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား (Nelson Mandela) ရဲ့ ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေတဲ့ အကြောင်း တောင်အာဖရိကအစိုးရက ပြောလိုက်ပါတယ်။

လူဖြူလူမည်းခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ အသက် ၉၄ နှစ်အရွယ်ရှိ မန်ဒဲလားထံကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ သမ္မတ Jacob Zuma သွားရောက် ကြည့်ရှုခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေခဲ့ကြောင်း ဆရာဝန်တွေက အသိပေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

ကျန်းမာရေး အခြေအနေ တိုးတက်လာစေဖို့ ဆရာဝန်တွေက အစွမ်းကုန် ကြိုးပမ်းနေပြီး ကျကျနန ပြုစုစောင့်ရှောက်ထားတဲ့ အကြောင်းလည်း သမ္မတ ဇူးမား ကကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မန်ဒဲလားရဲ့ ဇနီးသည်ဖြစ်သူ Graca Machel နဲ့လည်း သမ္မတဇူးမား ပရီတိုးရီးယား (Pretoria) ဆေးရုံမှာ တွေ့ဆုံခဲ့တာပါ။

သမ္မတ ဇူးမား ကတော့ မန်ဒဲလားအတွက် တောင်အာဖရိက နိုင်ငံသားတွေ သာမက ကမ္ဘာတဝှမ်းကပါ ဆုတောင်းပေးကြဖို့လည်း ပန်ကြားခဲ့ပါ တယ်။ တောင်အာဖရိက နိုင်ငံမှာ ပထမဆုံး လူမည်းသမ္မတတဦး ဖြစ်လာခဲ့သူ မန်ဒဲလား ဟာ ပြီးခဲ့တဲ့လဆန်းကစပြီး အဆုပ်ရောဂါ ဝေဒနာကြောင့် ဆေးရုံတင် ထားရတာပါ။ အဆုပ်ရောဂါကိုတော့ လူဖြူလူမည်းခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ်ကျခံနေစဉ် ကတည်းက ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

၂၇ နှစ်ကြာ ထောင်တွင်းမှာ နေထိုင်ခဲ့ရတဲ့ မန်ဒဲလားကိုတော့ ၁၉၉၀ ပြည့်နှစ်မှာ လူဖြူအစိုးရက ပြန်လွှတ်ပေးခဲ့တာပါ။ ဒီနောက် ၁၉၉၄ ခုနှစ်မှာတော့ သမ္မတဖြစ်လာခဲ့ပြီး ၁၉၉၉ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။
XS
SM
MD
LG