သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mandela မိသားစုကို သမ္မတအိုဘားမား တွေ့ဆုံအားပေး


တောင်အာဖရိကရောက် သမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်အိုဘားမား။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၃)။
တောင်အာဖရိကရောက် သမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်အိုဘားမား။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၃)။
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကျန်းမာရေးမကောင်းဖြစ်နေ တဲ့ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ မိသားစုဝင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ သမ္မတအိုဘားမားဟာ တောင်အာဖရိက သမ္မတ ဂျေကော့ဇူးမား (Jacob Zuma) နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ ဂျိုဟန်းနက်စ်ဘာဂ့်မြို့မှာ ရှိတဲ့ မစ္စတာမန်ဒဲလားရဲ့ ဆွေမျိုးတွေဆီကို စနေနေ့က သွားရောက်ခဲ့ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အဆုတ်ရော ဂါဝေဒနာ ပြန်ဖြစ်လာတာကြောင့် ပရီတိုးရီးယားမြို့မှာရှိတဲ့ ဆေးရုံကို အရေးပေါ်တင်လိုက်ရတာဖြစ်ပါတယ်။ သမ္မတအိုဘားမား မိသားစုဟာ တောင်အာဖရိကနိုင်ငံကို သွားရောက်နေစဉ်အတွင်း အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း မန်ဒဲလားကိုသွားရောက်တွေ့ဆုံမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ မစ္စတာမန်ဒဲလား ခံစားနေရတဲ့ ဝေဒနာကို သူ့အနေနဲ့ စာနာမိတယ်လို့ တောင်အာဖရိက သမ္မတ ဂျေကောဗ်ဇူးမား နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း မန်ဒဲလားရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်နေ ရသေးကြောင်း၊ ဒါပေမဲ့ ဒါကို ဆရာဝန်တွေက ဆိုးမသွားအောင် ထိန်းထားနိုင်ကြောင်း သူ့အနေနဲ့ မစ္စတာ မန်ဒဲလား နေပြန်ကောင်း လာဖို့ မျှော်လင့်တယ်လို့ တောင်အာဖရိကသမ္မတ ဂျေကော့ဗ်ဇူးမား က ပြောပါတယ်။
XS
SM
MD
LG