သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းနစ်မယ် Sharapova ဆေးကျပြီး Australian Open ဝင်ပြိုင်ခွင့်မရ


Sharapova တားမြစ်ဆေးသုံးစွဲမိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
Sharapova တားမြစ်ဆေးသုံးစွဲမိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ရုရှားနိုင်ငံသူ ကမ္ဘာကျော် တင်းနစ်မယ် Maria Sharapova ဟာ ကျန်းမာရေးအခြေအနေကြောင့် သူမ ၁၀ နှစ်ကျော်ကြာ သုံးစွဲခဲ့တဲ့ ဆေးတမျိုးကြောင့် ဇန်နဝါရီလတုန်းက Australian Open တင်းနစ်ပြိုင်ပွဲမှာ ဆေးကျပြီး ဝင်ပြိုင်ခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။

Meldonium လို့ခေါ်တဲ့ အဲဒီဆေးဟာ ကမ္ဘာ့တားမြစ်ဆေးဝါးများ ဆန့်ကျင်ရေး အေဂျင်စီက ပိတ်ပင်တားမြစ်တဲ့ ဆေးဝါးစာရင်းထဲကို အခုနှစ် နှစ်စမှာ ထည့်သွင်းလိုက်ခြင်းဖြစ်တယ်လို့ Sharapova က Los Angeles မြို့မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

သူမအနေနဲ့ ကြီးမားတဲ့ အမှားကြီးကို ကျူးလွန်မိခဲ့ကြောင်း၊ သူမကို ထောက်ခံအားပေးသူတွေနဲ့ တင်းနစ်အားကစား နစ်မွန်းအောင် လုပ်မိခဲ့ကြောင်း၊ သူမ အင်မတန် နှစ်သက်တဲ့ ဒီအားကစားကို ၄ နှစ် သမီးအရွယ်ကတည်းက ကစားလာခဲ့ဖြစ်ကြောင်း Sharapova က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Meldonium ဆေးကို Latvia နိုင်ငံ ထုတ်လုပ်တာဖြစ်ပြီး ဆီးချို၊ နှလုံးရောဂါနဲ့ Magnesium ဓါတ်နဲသူတွေက အသုံးပြုတာဖြစ်ပေမယ့် တချို့ သုတေသီတွေက အဲဒီဆေးကို အများအစား အသုံးပြုခြင်းအားဖြင့် အားကစားမှာ ယှဉ်ပြိုင်မှုတွေမှာ အနိုင်ရစေအောင် ခွန်အားပိုရှိစေတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG