သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ်လေထု အာကာသယာဉ်ဝင်ရောက်စူးစမ်း


နာဆာအဖွဲ့က အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင် ထားသည့် Curiosity စက်ရုပ်ယာဉ်
နာဆာအဖွဲ့က အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင် ထားသည့် Curiosity စက်ရုပ်ယာဉ်
မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်) ကို (၂)နှစ်ကြာ လေ့လာနေခဲ့တဲ့ နာဆာအာကာသယာဉ် အဖွဲ့က
ဂြိုလ်တစ်ခုအနေနဲ့ ဂြိုလ်တစ်ဝိုက်မှာ ရှိနေတဲ့ လေထုလွှာအကြောင်းပိုသိရဖို့ အခြေအနေတွေကို
တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မားစ်ဂြိုလ် (ခေါ်) အင်္ဂါဂြိုဟ်ထဲမှာ တစ်ချိန်တုန်းက သက်ရှိတွေ နေထိုင်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရကောင်း တွေ့ရနိုင်တယ်လို့ ယူဆပြီး လေ့လာမှု လုပ်နေတဲ့ အာကာသယာဉ် Curiosity အနေနဲ့ နောက်ဆုံး ရပ်နားပြီး တွေ့ရှိလိုက်တာက မားစ် ရဲ့ လေထုဟာ ကမ္ဘာ့လေထုထက် အဆတစ်ရာ ပါးနေတယ်လို့ ဆိုလိုက်ပါတယ်။

Gale စင်တာမှာ သုံးသပ်မှုပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုဟာ မားစ် ပါတ်ဝန်းကျင်လေထုရဲ့ အပုံတစ်ပုံဟာ နှစ်ပေါင်း သန်းထောင်ချီ ကာလအတွင်း ဆုံးရှုံးပျက်စီးသွားခဲ့ရတာဖြစ်တယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ လေးလံတဲ့ isotope တွေ စုစည်းလာမှုကို အားပေးတဲ့ ရူပဖြစ်စဉ် တစ်ခုအတွင်းမှာ အခုလို ဆုံးရှုံးပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။ ဒီဖြစ်စဉ် အတွင်း ပိုပေါ့ပါးတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဖွဲ့စည်းမှုတွေ ဆုံးရှုံးသွားတာကြောင့်၊ အင်္ဂါဂြိုဟ် နဲ့ အာကာသ ရဲ့ တစ်ဖြေးဖြေး သူ့ဖာသာသူပြောင်းလဲလာမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန် နာဆာ NASA အာကာသ ပညာရှင် သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။
XS
SM
MD
LG