သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ စီးပွားရေး ပမာဏ ဒေါ်လာ ဘီလီယံနှစ်ရာ အထိ တိုးလာဖွယ်ရှိ


မြန်မာနိုင်ငံ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွင်း လုပ်ငန်းခွင်က အထည်ချုပ်လုပ်သားများ။
မြန်မာနိုင်ငံ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွင်း လုပ်ငန်းခွင်က အထည်ချုပ်လုပ်သားများ။
ကမ္ဘာမှာ အလျင်အမြန်ဖွံ့ဖြိုးနေတဲ့ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ပုံမှန်မဟုတ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် အလားအလာကောင်းတွေရှိတယ်လို့ ကမ္ဘာတဝန်း တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာနေတဲ့ အဖွဲ့တခုကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အစောပိုင်းအဆင့်မှာပဲရှိသေးတဲ့အတွက် စီးပွားရေးအစပြုလုပ်နိုင်ဖို့ အားသာချက်တွေရှိနေတယ်လို့ McKinsey Global Institute (MGI) ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေကို ကောင်းကောင်းစီမံခန့်ခွဲသွားမယ်ဆိုရင် ၂၀၁၀ ခုနှစ်တုန်းက ဒေါ်လာ ၄၅ ဘီလျံရှိတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၃၀ ခုနှစ်ရောက်ရင် ဒေါ်လာ ၂၀၀ ဘီလျံ ကျော်အထိ တိုးတက်သွားနိုင်တယ်လို့ MGI ရဲ့ လေ့လာချက်က ခန့်မှန်းပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍက မဟုတ်တဲ့ အလုပ်အကိုင် ၁၀ သန်းကျော်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လဲ မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ Unique opportunities, major challenges ဆိုတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာပဲ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီအောင် လုပ်တဲ့နေရာတွေမှာ တွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးမှုတိုးတက်အောင် လုပ်သင့်တဲ့ ကိစ္စတော်တော်များများကိုလဲ ထောက်ပြထားပါတယ်။

စီးပွားရေးတိုးတက်ရေးအတွက် လုပ်သင့်တဲ့ အစီအစဉ်တွေကို မချမှတ်နိုင်ဘူး၊ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘူးဆိုရင်တော့ လက်ရှိနာမည်ကောင်းရနေတာတွေ၊ သတိနဲ့ အကောင်းမြင်မှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ် သွားလိမ့်မယ်လို့ McKinsey Global Institute ရဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG