မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက ဒုက္ခသည်တချို့ကို နေရပ်ပြန်ခွင့် ပေးလိုက်ပါတယ်။ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လုံခြုံရေး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ ဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာပါ။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိတ္ထီလာမြို့က သွေးထွက်သံယို တိုက်ခိုက်မှုတွေအတွင်း ထွက်ပြေးတိမ်းရှောင်ပြီး ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေသူတွေထဲက ၆၀၀ လောက်ကို ပထမဆုံး အကြိမ် ပြန်လည် နေရာချ ထား ပေးေနေတာ ဖြစ်ပါတယ်။
ပထမဆုံးအသုတ် နေရပ်ပြန်ခွင့်ပြုလိုက်သူ အများစုကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ မူဆလင်တွေဖြစ်ကြတဲ့ အကြောင်း မိတ္ထီလာမြို့က စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ ဦးခိုင် ကပြောပါတယ်။
“အခု အထက(၅) မူဆလင်တွေကို ဒုက္ခသည်ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို အခုစပြီးတော့ နေရာပြန်လည်ချထားရေး လုပ်နေပါတယ်။ အခု ပထမဆုံး အသုတ်အနေနဲ့ ပြည်သာယာမြောက်ပိုင်း ကို ပြန်ပြီးတော့မှ နေရာပြန်ချထားပေးတာ၊ ၅၉၉ဦး၊ အိမ်ထောင်စုပေါင်း ၁၆၈စု၊ ကျားက ၂၆၁၊ မ က ၃၃၈၊ အားလုံးပေါင်း ၅၉၉ယောက်။ အိမ်တွေက နည်းနည်းပါးပါးပဲ ပျက်စီးတယ်ဆိုတော့ သူတို့တွေက သူတို့အိမ်တွေကို မူလအတိုင်းပဲ ပြန်နေရုံပဲပေါ့။ အိမ်ယာကို လုံးလုံး မီးရှို့ခံလိုက်ရတဲ့သူတွေရယ်၊ လုံးဝကို နေလို့မရလောက်အောင် ဖျက်ဆီးခံလိုက်ရတဲ့သူတွေကတော့ သူတို့ပြန်ပြီးတော့မှ ပို့လို့မရသေးဘူးပေါ့ဗျာ။”
မိတ္ထီလာမြို့မှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား စကားများရာက စလိုက်တဲ့ ပဋိပက္ခတွေ ကြီးထွားလာရာက အစိုးရက အရေးပေါ် အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အခြေအနေကို ထိန်းချုပ်ခဲ့ရာက အခုအခါ တည်ငြိမ်မှု ရှိလာပေမဲ့ လုံခြုံရေး အတွက် စိုးရိမ်မှုတွေကတော့ ရှိနေကြဆဲပဲလို့လည်း မြို့ခံတွေ က ပြောပါတယ်။
အာဏာပိုင်တွေကတော့ လုံခြုံရေးအတွက် ဆက်လက် စောင့်ကြပ်နေဆဲ ဖြစ် သလို သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး လူအများအပြားကိုလည်း ဖမ်းဆီးထားပြီး တရားရုံးတင် အရေးယူနေတာပါ။ ပဋိပက္ခတွေမှည တာဝန်ရှိသူတွေအဖြစ် ဖမ်းဆီးထားတဲ့ လူ ၁၀၀ လောက်အနက် ဒီသီတင်းပတ်ထဲမှာပဲ လူတချို့ကို တရားရုံးတင် စစ်ဆေးမှုတွေ ဆက်တိုက်ဆိုသလို ဆောင်ရွက်နေတယ်လို့လည်း မြို့ခံဖြစ်တဲ့ ဦးခိုင်က ပြောပါတယ်။
“ တရားရုံးမှာ ရုံးထုတ်ပြီးတော့ စစ်တာမှ ဒီနေ့လည်း စစ်တယ်ခင်ဗျ။ ဒါပေမဲ့ ဘုန်းကြီးကိုသတ်တဲ့အမှု၊ သုံးရက်ဆက်တိုက် စစ်လိုက်ပါတယ်။ မနေ့ကအထိကို သုံးရက်ဆက်တိုက်စစ်လိုက်ပြီးတော့ ၁၉ရက်နေ့ကို ရုံးချိန်း ထပ်ပြီးတော့ ပေး ထားပါတယ်။ ဒီနေ့စစ်တဲ့အမှုကတော့ ဗုဒ္ဓဘာသာထဲကပဲ မီးရှို့ရန်ကြံစည်မှုပေါ့၊ ဗုဒ္ဓဘာသာထဲမှာ လည်း ပြစ်မှုကျူးလွန်သူပေါ့လေ။ လုမှု၊ ယက်မှု၊ ခိုးမှုရော၊ ရိုက်မှုရော၊ အားလုံး ၇၀ကျော်ရှိပါတယ်။ မူဆလင်ဘက်ကကျတော့ ဖမ်းထားတာ လူဦးရေ သုံးဆယ်ကျော်ပဲရှိပါတယ်။”
မိတ္ထီလာမြို့မှာ သာမက မြန်မာနိုင်ငံ နေရာတချို့မှာပါ ဘာသာရေး အခြေခံတဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက်လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားတဲ့ အစိုးရအတွက် စိမ်ခေါ်မှုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေး နေကြတာပါ။ မိတ္ထီလာ ပဋိပက္ခနဲ့ ပတ်သက်လို့ ဗွီဒီယိုမှတ်တမ်းတွေ နောက်ထပ် ထွက်ပေါ်လာရာမှာလည်း လုံခြုံရေး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ အားနည်းချက်တွေကို တွေ့မြင်ခဲ့ ရတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ပြဿနာတွေ ဖြစ်ပွား အပြီး မိတ္ထီလာမြို့ကို ကိုယ်တိုင်ရောက်သွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကလည်း အသစ်ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေကြောင့် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Martin Nesirky က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။
“ဒေါသတကြီးနဲ့ အကြမ်းဖက်နေတဲ့ လူအုပ်တွေက လက်ခံနိုင်စရာမရှိတဲ့ အပြုအမူတွေ လုပ်နေတာကို လုံခြုံရေးအာဏာပိုင်တွေက ဘေးကနေ ကြည့်နေတဲ့ မှတ်တမ်းကို တွေ့ရတာဟာ အင်မတန်မှ စိတ်ပျက် စရာကောင်းတယ် လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ရပ်ကြောင့် တာဝန်ရှိသူတွေကိုယ်တိုင်က လက်ခံနေတယ်ဆိုတဲ့ သဘောထားမျိုး လည်း မဟုတ်ပြန်ဘူးလို့ သူကဆိုပါတယ်။ တခြား အစီရင်ခံစာတွေနဲ့ မိတ္ထီလာမြို့က ကိုယ်တိုင်ခံခဲ့ရသူတွေရဲ့ တိုက်ရိုက်ပြောပြချက်တွေ အရဆိုရင် လူအုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြားမှာပဲ ရဲတွေက မူဆလင် အမျိုးသမီးနဲ့ အမျိုးသားတွေကို ဘေးကင်းရာ ခေါ်ထုတ်ခဲ့တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။”
မိတ္ထီလာမြို့နဲ့ တခြားမြို့တွေမှာ ဆူပူမှုတွေ ဆက်တိုက် ဆိုသလို ပေါ်ပေါက်ခဲ့ပြီးနောက် မတ်လကုန်မှာတော့ အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်ဖို့ ကော်မတီတရပ်ကို သမ္မတဦးသိန်းစိန် ရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီ အနေနဲ့ အရေးပေါ် အခြေအနေတွေ ပေါ်ပေါက်တဲ့အခါ လုံခြုံရေး အဖွဲ့အစည်းတွေကြား ပူးပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့၊ ပြည်နယ်အစိုးရတွေနဲ့ ဆက်သွယ်ပြီး အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ဖို့၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် တားဆီးဖို့လည်း တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။