သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များချမှတ်


မိတ္ထီလာအကြမ်းဖက်မှုကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြသည့် ဒုက္ခသည်များ။
မိတ္ထီလာအကြမ်းဖက်မှုကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြသည့် ဒုက္ခသည်များ။
မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေအတွင်း အခင်းစတင်ဖြစ်ပွားခဲ့တဲ့နေရာ က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး မိတ္ထီလာတရားရုံးက
အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၄ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါ တယ်။ နောက်ပြီးတော့ မိတ္ထီလာ ရဲစခန်းက လူသေဆုံးမှုတွေ အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားရုံးတွေမှာ စွဲချက်တင်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေမှာ ရွှေဆိုင်ပိုင်ရှင်တွေကို အာဏာပိုင်တွေက စတင်အရေးယူ ခဲ့တာ ပါ။ သူတို့ကို ဧပြီလ ၁၁ ရက်နေ့က မိတ္ထီလာတရားရုံး ကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ချလိုက်ကြောင်း မိတ္ထီလာမြို့ခံ၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်က ပြောပါတယ်။

“ထွန်းထွန်းဦးခေါ် အာရှစ်၊ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်ပေါ့နော်။ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ် စုစုပေါင်း (၁၄) နှစ်ပေါ့။ အလုပ်နဲ့ ထောင်ဒဏ် သီးခြားစီကျခံရမယ်ပေါ့နော်။ ညီညီ ခေါ် မင်းအောင် အသက် (၂၁) နှစ်က- ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်ပေါ့နော်။ ရွှေပန်းတိမ် ပိုင်ရှင့် မိန်းမ - သူက ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅/၁၁၄ အရ (၅) နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် (၂) နှစ် အားလုံးပေါင်း သူလည်း (၁၄) နှစ်ပေါ့။”

ရွှေဆိုင်ကစခဲ့တဲ့ အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ပျံတော်မူခဲ့တဲ့ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်မှု၊ ဓာတ်ဆီလောင်းပြီး မီးရှို့မှုတွေနဲ့ လူ ၁၁ ဦးကို လည်း မိတ္ထီလာ အမှတ် (၂) ရဲစခန်းက ဒု-ရဲအုပ် ဦးဇော်မိုးလွင်နဲ့ အဖွဲ့က တရားလိုပြုပြီး ဧပြီလ ၁၀ ရက်နေ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ တို့နဲ့ တရားစွဲခဲ့ပါတယ်။ စွဲချက်တင်ခံရသူ စာရင်းကို ဦးတင်လှိုင်က ဆက်ပြောတာကတော့-

“မျိုးထွန်းထွန်း (၄၁) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ (၁)၊
ဖိုးချို (၃၃) နှစ်၊ သီရိမင်္ဂလာ နယ်မြေ (၁)၊
မျိုးညွန့်ဦး၊ (၄၁) နှစ်၊ သီရိမင်္ဂလာရပ်၊
မျိုးဝင်း၊ (၄၆) နှစ်၊ သီရိမင်္ဂလာရပ်၊
ဇော်ထက်နိုင် (၃၁) နှစ်၊ ပြည်သာယာ (မြောက်)၊
မြတ်ကိုကို ခေါ် အဏ္ဏဝါ (၂၀) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊
မင်းမင်းသန်း (၁၈) နှစ် သီရိမင်္ဂလာရပ်၊
ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့် (ခေါ်) --- သီရိမင်္ဂလာနယ်မြေ (၂)
မောင်လှကျော်နိုင် (၃၁) နှစ်၊သီရိမင်္ဂလာနယ်မြေ (၂)၊
ကိုကိုဝင်း (ခေါ်) ကျော်သူဝင်း (၂၆)နှစ် နဲ့ စည်သူ (၂၆) နှစ်၊”

လောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေလို့ အစွတ်စွဲခံရသူ ၇၀ ကျော်ကို မိတ္ထီလာတောင်မှာ ထိန်းသိမ်းထားရာက ဧပြီလ ၅ ရက်နေ့ကစပြီး ရုံးထုတ် စစ်ဆေးနေပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က စဖြစ်ခဲ့တဲ့ပဋပက္ခတွေအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရကြောင်း အစိုးရသတင်း ဌာနတွေက ထုတ်ပြန်ထားပါတယ်။ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူ အများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ အဓိကရုဏ်းအတွင်း ဗလီတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို မိတ္ထီလာမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းနဲ့ပြည်နယ် အတော်များများကို ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီလို့ ဆိုပေမဲ့ မြို့ခံတွေက စိတ်မလုံခြုံမှုနဲ့ တစ်ဦးနဲ့တစ်ဦး သံသယဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒါကြောင့် လုံခြုံရေးကို သတိထားစောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်ရှင်။
XS
SM
MD
LG