သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MERs ရောဂါကြောင့် Samsung ဆေးရုံ လုပ်ငန်းတချို့ရပ်ဆိုင်း


တောင်ကိုရီးယားမှာ MERS ရောဂါပိုးကာကွယ်ရေးအနေနဲ့ ရုပ်ရှင်ရုံထဲမှာ ပိုးသတ်ဆေးဖျန်းနေစဉ်။ (ဇွန် ၁၂၊ ၂၀၁၅)
တောင်ကိုရီးယားမှာ MERS ရောဂါပိုးကာကွယ်ရေးအနေနဲ့ ရုပ်ရှင်ရုံထဲမှာ ပိုးသတ်ဆေးဖျန်းနေစဉ်။ (ဇွန် ၁၂၊ ၂၀၁၅)

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က အကြီးဆုံးဆေးရုံကြီးအတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ကူးစက်မြန်ရောဂါ MERS ရောဂါ ရှိနေတာကိုတွေ့ရှိခဲ့တဲ့အတွက် ဆေးရုံရဲ့လုပ်ငန်းတချို့ကို ယာယီ ဆိုင်းငံ့ထားလိုက်ရပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်း အရပ်ဘက်ဆိုင်ရာကျန်းမာရေးဌာနက ဝန်ထမ်းများကိုတွေ့ရစဉ်။
တောင်ကိုရီးယားနိုင်ငံအတွင်း အရပ်ဘက်ဆိုင်ရာကျန်းမာရေးဌာနက ဝန်ထမ်းများကိုတွေ့ရစဉ်။

ဆေးရုံအနေနဲ့ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုတွေနဲ့ လူနာသစ် လက်ခံတာတွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ Samsung ဆေးရုံ အကြီးအကဲ Song Jae-hoon က တနင်္ဂနွေနေ့မှာ ရုပ်မြင်သံကြားက တိုက်ရိုက်ပြသတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ ဆေးရုံမှာ လူနာလာကြည့်တဲ့ သူတွေကိုလည်း လာခွင့်ပြုမှာမဟုတ်ဘူးလို့ သူက ပြောကြားလိုက်ပြီး အဲဒီလို ဆက်လက် ရပ်ဆိုင်းထားသင့် မသင့်ဆိုတာကို ဇွန်လ ၂၄ ရက်နေ့မှာ ဆုံးဖြတ်ချက် ပြန်ချမယ်လို့ ပြောပါတယ်။

Samsung ဆေးရုံမှာ တွေ့ရှိတဲ့ ၄ ယောက်အပါအဝင် MERS ရောဂါပိုး ကူးဆက်သူ ၇ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်တဲ့အချိန်မှာ ဆေးရုံရဲ့ လုပ်ငန်းငန်တွေ ဆိုင်းငံ့မယ့်သတင်း ထွက်လာတာပါ။

ရောဂါပိုး ကူးစက်သူတွေထဲက တဦးကတော့ Slovak နိုင်ငံမြို့တော် Bratislava မြို့မှာ စနေနေ့တုန်းက ဆေးရုံတင်ခဲ့ရတဲ့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ MERS ရောဂါ ကူးစက် ပြန့်ပွားနေမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတွေ ပိတ်ထားခဲ့တာကို ဒီကနေ့ တနင်္လာနေ့မှာတော့ ပြန်ဖွင့်နေပြီလို့ ဆိုပါတယ်။

XS
SM
MD
LG