၁၇ ရက်ကြာ သပိတ်စခန်းဖွင့်ပြီး အပြင်းအထန် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းဟာ ဒီကနေ့မှာ ယာယီပိတ်သိမ်းလိုက်ပါတယ်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ နဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီမြေသိမ်းခံရမှုတွေ ကို လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ အထူးအရေးကြီး အဆိုအဖြစ် တင်သွင်းသွားဖို့ ရှိတယ်ဆိုပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ကတိပေးသွားတဲ့ အတွက် ယာယီ သပိတ်စခန်း ပိတ်ပေးတာလို့လည်း ဆန္ဒပြသူတွေ ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်း သတင်းရယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။
မိကျောင်းကန် အပိုင်း (၁) (၂) (၃) ၊ ဘိုးဘွားပိုင် မြေတွေကို စစ်အစိုးရ လက်ထက်က အတင်းအဓမ္မ သိမ်းယူထားတဲ့တာကို ပြန်လည် ရရှိဖို့ မူလနေထိုင်ခဲ့တဲ့ မြေရှင်တွေ ဆန္ဒပြ တောင်းဆိုတာဟာ ၉ ကြိမ်ထိ ရှိခဲ့ပါပြီ။
ဒါပေမဲ့ ပြေလည်မှု တစ်စုံတစ်ရာ မရ သလို အစိုးရအာဏာပိုင်တွေ ဘက်ကလည်း အသိအမှတ်ပြု ပြီး ဖြေရှင်းမပေးတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေ အရှိန်မြင့်လာတာလို့ လယ်ယာမြေ နဲ့အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖွဲ့ဝင် လည်းဖြစ် တောင်ဥက္ကလာပ မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးအောင်သိန်းလင်း ကပြောပါတယ်။
သူ့အနေနဲ့ အခုမိကျောင်းကန် မြေသိမ်းခံရမှုတွေ ကို ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးအတွင်းမှာလည်း မေးခွန်းမေးမြန်းခဲ့ပြီး လာမယ့် ၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ အတွင်းမှာလည်း ဒီပြဿနာကို အစိုးရ အနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ လာရောက်ပြီး ဖြေရှင်းဖို့ အဆိုတင်သွင်း တောင်းဆိုသွားမယ်လို့ သူကပြောပါတယ်။
"လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်မှာ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော် မေးခွန်းမေး ထားတယ်။ နောက် လာမယ့် လွှတ်တော်မှာ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့မှ Special Report ပေါ့ အဲဒါရေးပြီးတော့မှ အစိုးရ ကို ပြည်ထောင်စု လွှတ်တော်က တစ်ဆင့် ကျနော်တို့ပေးပို့မယ်။
Special Report မှာ ကျနော်တွေ့ရှိတဲ့သုံးသပ်ချက် အကြံပြုချက် အဲဒါတွေထည့်ပြီး ပို့ပေးမယ်။ အဲဒီတော့ တွေ့ရှိ၊ သုံးသပ်၊ အကြံပြုချက်ပေါ် မူတည်ပြီးတော့မှ အဖြေတစ်ခုထုတ်ပေးဖို့ တော့လိုမှာပေါ့ဗျာ"
မိကျောင်းကန် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အစိုးရရဲ့ ဖြေရှင်းပုံတွေ ကလည်း အဓိကရုဏ်းဖြစ်အောင် ဖြေရှင်းတဲ့ သဘောမျိုးတွေ ထိအောင် အခုတစ်ကြိမ် ဆန္ဒထုတ်ဖော်မှုတွေမှာ မိကျောင်းကန်ပြည်သူတွေ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဦးအောင်သိန်းလင်းက ပြောပါတယ်။
"မိကျောင်းကန် ပြည်သူတွေဘက်ကလည်း မြောင်းကလေးထဲမှာ သူတို့ရဲ့ အုပ်ချုပ်မှု ကိစ္စလေးတွေ ဆောင်ရွက်တာကို ဘုရားဝင်းကို အတင်း သံတံခါးတွေကပ် အတင်းထွန်းဖယ်လုပ် အလကားနေ လူတွေ ထိခိုက်ဒဏ်ရာရနဲ့ တစ်ဖြည်းဖြည်း နှစ်ဦးနှစ်ဘက် တင်းမာလာမယ့် အခြေအနေမျိုး ဖန်တီးသလိုဖြစ်လာတယ်။ နောက်တစ်ခါ ၉ရက်နေ့ ၃ နာရီမှာ အပြီးဖယ်ရှင်းပေးရမယ်ဆိုတဲ့ ညွန်ကြားချက်တစ်ခုလည်း လာကပ်သွားတယ်။ ဆိုတဲ့အခါကျတော့ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်ပြီးတော့ ဆန္ဒဖော်ထုတ်တဲ့လူတွေအတွက်လည်း ရလာဒ်ဘာမှ မရဘဲနဲ့ အခု ၉ကြိမ်မြောက်ဖြစ်နေတယ်"
အငြင်းပွားဖွယ်ဖြစ်နေသော မြစာရံအေးစေတီကို တပ်မြို့စည်ပင်အဖွဲ့က ခြံဝင်း ကာတာတွေ လုပ်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေ နဲ့ ၂ ဖက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ရပါတယ်။ ခြံဝင်းခတ် အလုပ်သမားတွေ နဲ့ ဆန္ဒပြသူတွေအကြား နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ အပြီးမှာ ဆန္ဒပြသူများဘက်က အမျိုးသမီး ၅ ဦး ဒဏ်ရာ ရပြီး စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေရတာပါ။
ဒါ့အပြင် သက်ကြီးရွယ်အို အများစု ပါဝင်တဲ့ မိကျောင်းကန် ဆန္ဒထုတ်ဖော်ပွဲမှာ အချို့ အသက်ကြီး ရွယ်အို ၂ ဦး ဟာလည်း ဆန္ဒထုတ်ဖော်ရင်း သတိလစ်ခဲ့တာကြောင် အရေးပေါ် အခြေအနေ ဆေးရုံ တင်ဖို့ ခဲ့ရပါသေးတယ်။
မိကျောင်းကန် အပိုင်း (၁) (၂) (၃) ဟာ အစိုးရ ဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက် တစ်ခု အနေနဲ့ နေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ်ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာတာဝန် ရှိတယ်လို့လည်း ဦးအောင်သိန်းလင်းကပြောပါတယ်။
သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကတော့ သူတို့ အနေနဲ့ လက်ရှိအချိန်မှာ သပိတ်စခန်းကို ယာယီ ၃ လ ပိတ်သိမ်းထားမှာဖြစ်ပြီးတော့ လွှတ်တော်က လုပ်ကိုင်ခွင့် အချိန်ရအောင် ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က မိကျောင်းကန် ရပ်ကွက် အပိုင်း (၁)၊ အိမ်အမှတ် (၁၇၄) မှာ နေထိုင်ခဲ့တဲ့ မိကျောင်းကန် အရေးတက်ကြွလှုပ်ရှားသူ ဦးစိန်သန်းကတော့ အစိုးရ အနနဲ့ ပြေလည် မှုရအောင် မဖြေရှင်းပေးရင်တော့ ဆန္ဒထုတ်ဖော်မှုတွေ သပိတ်စခန်းဖွင့်တာတွေ ၃ လ ပြီးရင် ပြန်လုပ်မယ်လို့ ဗွီအိုအေကိုပြောပါတယ်။
"ကျနော်တို့ မိကျောင်းကန် အပိုင်း (၁) (၂) (၃) ပြည်သူတွေ ရှေ့မှာပဲ စာဖတ်ပြပြီးတော့ လူကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့ စာချုပ်ပြီးတော့ ၁၈၉၄ ခုနှစ်ရဲ့ မြေသိမ်း ဥပဒေ မညီဘဲနဲ့ မိကျောင်းကန် အပိုင်း (၁) (၂) (၃) မြေတွေကို သိမ်းယူသွားခြင်းကိစ္စဟာ တပ်မတော်ကနေ သိမ်းထားတယ်ဆိုတဲ့ အကြောင်းလို့သိရတယ်။
တပ်မတော်နဲ့လည်း သူတို့ညှိနှိုင်းဆွေးနွေးကြမယ်၊ ကြန့်ကြာမှုတွေရှိမယ်ဆိုပြီး ကျနော်တို့ကိုပြောတယ်။ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁) (၂) (၃) ဘိုးဘွားပိုင် မြေတွေကို ပြန်လည်မအပ်နိုင်ဘူးဆိုရင် ဒီ ၃လ အတော အတွင်းမှာ မအပ်နိုင်ဘူးဆိုရင် သပိတ်စခန်းကို ကျနော်တို့ အရှိန် အဟုန်မြှင့်ပြီးတော့ သပိတ်စခန်းကို ဖွင့်ပြီးတော့ ဆက်လက်တောင်းဆို မယ်ဆိုတာ နှစ်ဦးနှစ်ဘက်ပြောဆိုပြီးတော့မှ ကျနော်တို့ သပိတ်စခန်း ကို ခေတ္တယာယီ ၃လကို ခဏရပ်ဆိုင်းပေးထားပါတယ်။ လွှတ်တော်က အလုပ်လုပ်ဖို့"
၂၀၁၃ ဇူလိုင်လ ၂၃ရက် တွင် ကျင်းပခဲ့တဲ့ ပြည်ထာင်စု လွှတ်တော်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေ ယာမြေ တွေကို စီမံကိန်း လုပ်ပြီးသား နေရာတွေက လွဲပြီး ကျန် မြေနေရာများ ကို ပြန်ပြီး ပေးမယ် ဆိုပြီးတော့ ကတိပေးခဲ့တာပါ။
စစ်တပ်က သိမ်းဆည်းထားတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ မြေပမာဏ ဧကဟာ ၂၉၇,၀၀၀ ကျော်ရှိ ပြီး ၁၆ ပုံတစ်ပုံဖြစ်တဲ့ ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူ့ ထံ ပြန်ပေးမယ်ဆိုပြီးတော့ လည်း ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များရှေ့မှာ တရားဝင်ပြောဆိုခဲ့တာပါ။