သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ညီလာခံ သမ္မတဟောင်းကလင်တန် မိန့်ခွန်းပြောမည်


FILE -In this Dec. 10, 2010 file photo, President
FILE -In this Dec. 10, 2010 file photo, President
မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့တ် (Charlotte) မြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ် ပါတီ ညီလာခံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ညကျရင် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) မိန့်ခွန်းပြော ပါလိမ့်မယ်။ ဒါဟာဖြင့် သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) နောက် တကြိမ် ပြန်ပြီး ရွေးကောက် တင်မြှောက်ခံရရေး ကြိုးပမ်းနေကြတာမှာ ကျော်ကြား ထင်ရှား သူ နောက်တဦးရဲ့ ထောက်ခံအားပေးမှုကို ထပ်ပြီး အားဖြည့်လိုက်တာပါ။

ပုဂ္ဂလိက ရုပ်မြင်သံကြားသတင်းဌာနတွေကနေ တနိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်မယ့် ၄၂ ဆက်မြောက် သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့ မိန့်ခွန်းထဲမှာ ၄၄ ဆက်မြောက်သမ္မတကို အမည်စာရင်းတင်သွင်းတာလည်း ပါဝင်မှာပါ။ ၂၀၀၈ ခုနှစ် သမ္မတ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုမှာ သမ္မတဟောင်းကတော် ဟီလာရီ ကလင်တန် (Hillary Clinton) ကို မစ္စတာ အိုဘားမားက အနိုင်ယူခဲ့ပြီးကတည်းက ဘီလ် ကလင်တန်နဲ့ ဘရာ့ခ် အိုဘားမားတို့အကြား ဆက်ဆံရေးဟာ တိုးတက် ကောင်းမွန်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်တွေတုန်းက မစ္စတာကလင်တန်ရဲ့ သမ္မတသက်တမ်း နှစ်ဆက်အတွင်း နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့တာ ကြောင့် သူဟာ အမေရိကန်နိုင်ငံသား အများအပြားကြားမှာ လူကြိုက်များ ရေပန်း စားဆဲ ခေါင်းဆောင်တဦး ဖြစ်နေတုန်းပါပဲ။

အသက်ကြီးတဲ့ လူဖြူအလုပ်သမားလူတန်းစား အမေရိကန်နိုင်ငံသားတွေက မစ္စတာအိုဘားမား ကို ထောက်ခံလာအောင် မစ္စတာ ကလင်တန်က ကူညီနိုင်ဖွယ်ရှိတယ် လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
XS
SM
MD
LG