မြန်မာနိုင်ငံမှာ စစ်တပ်ကသိမ်းပိုက်တဲ့မြေယာတွေနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတာတွေဟာ စစ်တပ်နဲ့ပြည်သူ လူထုကြား သွေးခွဲနေတာဖြစ်တယ်ဆိုပြီး တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးကဏ္ဍ၊ တနည်းပြောရရင် နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍဟာ အဓိကကျတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာတဲ့ ပညာရှင် ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကို မေးမြန်းပြီး ဦးကျော်ဇံသာက သုံးသပ် တင်ပြထားပါတယ်ရှင်။
ဦးကျော်ဇံသာ။ ။ ပထမတချက်က စစ်တပ်က လယ်ယာမြေတွေ သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတာကို စစ်တပ်ကိုယ်စားလှယ်က ကန့်ကွက်တဲ့ကိစ္စ၊ ကျနော်က ပထမဦးဆုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီသတင်းကို ကွက်ပြီးတော့ အလေးထားတင်ပြတဲ့ မီဒီယာတွေကို အရင်အမှတ်ပေးချင်ပါတယ်။ ဆွေးနွေးချက်တွေထဲမှာ သတိထား စောင့်ကြည့်စရာတွေကို ဖော်ထုတ် ပေးတဲ့အတွက်လည်း မီဒီယာတွေ တာဝန်ကျေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျား။ ဒါက ကျနော်က မီဒီယာ သမားမို့လို့ မီဒီယာ ရှုဒေါင့်ကပြောတာ ဖြစ်နိုင်ပါတယ်။ နိုင်ငံရေး သိပ္ပံပညာရှင်ဖြစ်တဲ့ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်ကတော့ ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ကသိမ်းတဲ့မြေကိစ္စကို မဖြေရှင်းနိုင်ခြင်းသာလျှင် လူထုနဲ့ ပိုပြီး စိတ်ဝမ်းကွဲပြားစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ပါမောက္ခ စတိုင်းဘတ်။ ။ ပထမမေးချင်တဲ့မေးခွန်းကတော့ ဒီလူဟာ သူ့တစ်ယောက်တည်းကို ကိုယ်စားပြုပြီး ပြောတာလား၊ လွှတ်တော်က စစ်ဗိုလ် ၂၅ % ကို ကိုယ်စားပြုပြီးပြောတာလား ဆိုတာပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅ % ကို ကိုယ်စားပြုပြောတယ်ဆိုရင်တော့ ဒါဟာ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်မြေသိမ်းတာကို ဆွေးနွေးတာထက် ဒီမြေသိမ်းယူတာနဲ့ ပတ်သက်လို့ စစ်တပ်က တစုံတရာမလုပ်ပေးနိုင်ဘူး ဆိုတာကသာ စစ်တပ်နဲ့ လူထုကြား ပိုမို သွေးကွဲစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို စစ်တပ်က ဖြေရှင်းပေးသင့်ပါတယ်။ သိမ်းယူမှု ရပ်ဆိုင်းတာ၊ ထိုက်သင့်တဲ့လျော်ကြေးပေးတာ၊ ပြန်ပေးသင့်တာပြန်ပေး၊ ဒါမှမဟုတ် နိုင်ငံပိုင်လုပ်ငန်းတွေအတွက် တကယ်သုံးရတယ်ဆိုရင်လည်း ဒီဖြစ်စဉ်တွေ အားလုံးမှာ လူထု ပါဝင်စေရမယ်။ လူထုကိုယ်စားလှယ်က လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။
ဦးကျော်ဇံသာ။ ။ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စမှာ အုပ်ချုပ်ရေးကဏ္ဍက ပါဝင်မှု အရေးကြီးတယ်ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုတဲ့အထဲမှာ ပြည်ထောင်စုလွှတ်တော်မှာ အမတ် ၂၀ % က ပြင်ချင်တယ်လို့ တင်သွင်းရမယ်။ ၇၅ % ကျော်က အတည်ပြု့ရမယ်၊ ပြီးတော့ ဒါကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရမယ်လို့ ဆိုထားတာဖြစ်ပါတယ်။
သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍ ပါဝင်တယ်ဆိုတာ လုံးဝ မတွေ့ရပါဘူး။ ကျန်ဒီမိုကရေစီနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအချို့ကိုလည်း ကျနော် လေ့လာကြည့်တော့ ဖွဲ့စည်းပုံပြင်တဲ့အထဲမှာ အုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍနဲ့ ဘာမှ မသက်ဆိုင်တာ တွေ့ရပါတယ်။ ဥပမာ - အမေရိကန်ဖွဲ့စည်းပုံမှာ ဆိုလို့ရှိရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စမှာ အုပ်ချုပ်ရေးပိုင်း၊ သမ္မတပေါ့လေ- သမ္မတရဲ့ တရားဝင်အခန်းကဏ္ဍလုံးဝမရှိပါဘူး။ ဒါပေမဲ့ ဘယ်အချက်ကို ပြင်ပါ-လို့တော့ သမ္မတက ပြောနိုင်ပါတယ်-တဲ့။ ဒါပေမဲ့ ဒီလို ပြောကြားချက်ဟာလည်း ဥပဒေအာနိသင် မရှိစေရဘူးလို့ အပြတ်အသား ရေးထားတာ တွေ့ရပါတယ်။ ဒီကိစ္စမှာလည်း ပါမောက္ခ စတိုင်းဘတ်ကတော့ အခုလို သုံးသပ်ပါတယ်။
ပါမောက္ခ စတိုင်းဘတ်။ ။ ဖွဲ့စည်းပုံအဥပဒေပြုပြင်တဲ့ကိစ္စမှာ အုပ်ချုပ်ရေးကဏ္ဍက ပါဝင်စရာမရှိဘူးလို့ ခင်ဗျားကဆိုတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနဲ့ ကျန်အာရှနိုင်ငံ တချို့မှာ ဥပဒေပြုဖို့ စတင် တင်သွင်းတာတွေကို အုပ်ချုပ်ရေးပိုင်းကပဲ လုပ်တာ များပါတယ်။ ဥပဒေတွေကို လွှတ်တော်က မူကြမ်းရေးဆွဲတာထက် အစိုးရပိုင်းက ဆွဲတာ များပါတယ်။ ပြီးတော့မှ လွှတ်တော်က လက်ခံရင်လက်ခံ၊ ပယ်ဖျက်ရင်ပယ်ဖျက် လုပ်ကြပါတယ်။ ဆိုတော့ကာ- ဖွဲ့စည်းပုံ ပြင်ဆင်မှုနဲ့လည်း တနည်းနည်း ပတ်သက်နိုင်ပါတယ်။ အခု ဗမာပြည်ရဲ့ ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီရဲ့ ပြဿနာက အဖွဲ့ဝင် ၁၀၀ ပါနေခြင်းပါပဲ။ သိပ်များလွန်းပါတယ်။ သဘောတူဖို့ ခက်ခဲပါလိမ့်မယ်။ လွှတ်တော်ရဲ့ ကွဲပြားတဲ့အစိတ်အပိုင်းတွေကို ကိုယ်စားပြုသူ တစုကသာ ဘာတွေ ပြင်သင့် မပြင်သင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ။ ။ ဒီကိစ္စတွေအားလုံးဟာ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစနစ် နေသားမကျသေးတဲ့အတွက် အဆီအငေါ်မတည့် ဖြစ်နေတယ်ဆိုရင်လည်း ဆိုနိုင်ပါတယ်။ သို့ပေမဲ့လည်း အရေးကြီးတာက ဥပဒေမှာ အတိအကျ ပြဌာန်းထားပါရက်နဲ့ ဒါကို သွေဖြည်ပြီး လုပ်မယ်ဆိုရင်တော့ ဒီလုပ်ရပ်ဟာ အင်မတန်မှားယွင်းတဲ့ အစဉ်အလာတစ်ရပ်ဖြစ်မယ်လို့ပဲ ပြောချင်ပါတယ်ခင်ဗျာ။