သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဦးစီးချုပ် ဇူလိုင်လကုန် အိန္ဒိယသွားမည်


Catholic penitents of the Ujue Virgin carrying a crucifix decorated with flowers take part in a pilgrimage from Tafalla and other villages to the small town of Ujue, northern Spain.
Catholic penitents of the Ujue Virgin carrying a crucifix decorated with flowers take part in a pilgrimage from Tafalla and other villages to the small town of Ujue, northern Spain.

အိန္ဒိယစစ်တပ်အကြီးအကဲ Dalbir Singh ရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိနေတဲ့ သောင်းကျန်းသူတွေကို ကင်းလှည့်ရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ Chandel ခရိုင်အတွင်းမှာရှိတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို NSCN (K) လို့ခေါ်တဲ့ နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီအဖွဲ့ကို ဝန်ကြီးချုပ် Narendra Modi အစိုးရက ပိတ်ပင်တားမြစ်ဖို့ စီစဉ်နေတဲ့အချိန်မှာပဲ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ် ဖြစ်ပေါ်လာတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်လာမယ့်ရက် အတိအကျကို အတည်မပြုရသေးပေမဲ့ ဇူလိုင်လ နောက်ဆုံးအပတ်လောက်မှာ ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အစောပိုင်းတုန်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အိန္ဒိယနိုင်ငံကို အခုလဆန်းပိုင်းမှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဝန်ကြီးချုပ် Narendra Modi နဲ့ ကာကွယ်ရေးဝန်ကြီး Manohar Parrikar အပါအဝင် အဆင့်မြင့် အိန္ဒိယအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံအတွင်း အခြေစိုက်ပြီး အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ သူပုန်တွေကိစ္စကိုလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

မြန်မာအစိုးရနဲ့ NSCN (K) အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီရှိထားပေမဲ့ NSCN (K) အဖွဲ့ရဲ့ အကြီးအကဲ SS Khaplang ဟာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ UNLFW အဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်နေတဲ့အတွက် အဲဒီလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူထားတာဟာ ပိုပြီး အကျိုးယုတ်စေတယ်လို့ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေး Ajit Doval က နေပြည်တော်ကို ပြီးခဲ့တဲ့လကုန်ပိုင်းက ရောက်ရှိစဉ် မြန်မာအစိုးရအာဏာပိုင်တွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို NSCN (K) အဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက် အိန္ဒိစစ်တပ်က မြန်မာနိုင်ငံဘက်အခြမ်းမှာရှိနေတဲ့ NSCN (K) အဖွဲ့ကို ဇွန်လ ၉ ရက်နေ့က လိုက်လံ တိုက်ခိုက်ခဲ့တဲ့အကြောင်း အိန္ဒိယသတင်းမီဒီယာတွေမှာ အကျယ်တဝင့် ပြောဆိုရေးသားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အခြေအနေတွေကို ပြန်လည် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အနေနဲ့ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval မြန်မာနိုင်ငံကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သွားရောက် တွေ့ဆုံတဲ့အထိ ဖြစ်လာခဲ့တာပါ။

XS
SM
MD
LG