သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ


ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ (သတင်းဓာတ်ပုံ- အင်ကြင်းနိုင်- VOA မြန်မာပိုင်း)
ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ (သတင်းဓာတ်ပုံ- အင်ကြင်းနိုင်- VOA မြန်မာပိုင်း)

လာမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈နာရီကျရင်တော့ ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူ ကို ဘယ်သူဆောင်းမလဲဆိုတာကို သိရမှာပါ။ ဒီသရဖူကို ဘယ်လို အဖိုးတန်ကျောက်တွေ လုပ်ထားပြီးတော့ ဘယ်လောက်တောင် တန်ဖိုးရှိသလဲ ဆိုတာကို မအင်ကြင်းနိုင်က ဆက်ပြောပြပါမယ်။

နာမည်ကျော် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ ချီးမြှင့်မယ့် ဒီနှစ်အတွက် သရဖူဟာ အလွန် တန်ဖိုးကြီးတယ်၊ အလွန်ထူးခြားတယ်လို့ အဖွဲ့ရဲ့ အကြီးအကဲတွေက ပြောပါတယ်။ ဒီသရဖူကို တီထွင်ဖန်တီးဖို့အတွက် နာရီ အချိန်ပေါင်း ၃၀၀၀ လောက်ကြာခဲ့ပါတယ်။ သရဖူရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဟာကို တီထွင်ဖန်တီးတာနဲ့ပတ်သက်ပြီးတော့ Miss Universe အဖွဲ့ကြီးရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့ Shawn McClain ပြောပါတယ်။

" ဒီသရဖူကို စိန်တွေ၊ ဥဿဖယား ကျောက်တွေ၊ သလင်းကျောက်တွေနဲ့ လုပ်ထားတာပါ။ ဆိုတော့ ဒါက သိပ်ကို ဘေးအန္တရာယ်ကင်းတဲ့ သရဖူဖြစ်ပြီး မယ်စကြာဝဠာရဲ့ ခေါင်းပေါ်ကနေ ပြုတ်ကျမသွားနိုင်ပါဘူး။ ဒေါ်လာ သုံးသိန်းကျော် တန်ပြီး တချိန်လုံး လုံခြုံရေးနဲ့ ထားတာပါ။ နယူးယောက်မှာဆိုရင် လုံခြုံတဲ့ သေတ္တာနဲ့ထည့်ပြီး ဘဏ်မှာ အပ်ထားပါတယ်။ ဘယ်ဘဏ်ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါကို ထုတ်ပြရတာ ကျနော်တို့အတွက် သိပ်ကို စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ တနင်္ဂနွေနေ့ညမှာ မယ်စကြာဝဠာ ကိုကြေညာပြီးရင်တော့ ရွေးချယ်ခံရတဲ့ မယ်စကြာဝဠာအသစ်ကို ဒီသရဖူဆောင်းပေးပြီး သူ့ဆီမှာ တစ်နှစ်တာ ရှိနေပါလိမ့်မယ်။"

အခုတနင်္ဂနွေနေ့မှာ ကျင်းပမယ့် မယ်စကြာဝဠာရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ဘယ်သူ သရဖူဆွတ်ခူးမလဲဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစားဖြစ်နေကြပါတယ်။

XS
SM
MD
LG