သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရ


မလေးရှား ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး Ahmad Puzi Abdul
မလေးရှား ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး Ahmad Puzi Abdul

တောင်တရုတ် ပင်လယ်ပြင်အတွင်း ဝန်ထမ်း ၂၂ ဦး လိုက်ပါလာတဲ့ ရေနံတင်သင်္ဘော ဒုတိယတစင်း ထပ်ပျောက်သွားပြီး ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ယူဆရကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ Orkim Harmony ဆိုတဲ့ ရေနံတင်သင်္ဘောကို ရှာဖွေဖို့ မလေးရှားနိုင်ငံက လူအင်အား ၁,၅၀၀ ကို အသုံးပြုပြီး ဇွန်လ ၁၂ ရက်နေ့က ရှာဖွေနေကြောင်းနဲ့ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ကူရှာပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီသင်္ဘောပေါ်မှာ မလေးရှားနိုင်ငံသား ၁၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦး၊ ပေါင်း ၂၂ ဦး ပါသွားပြီး သင်္ဘောဟာ အမေရိကန်ဒေါ်လာ ၅.၆ သန်း တန်ဘိုးရှိတဲ့ ဓာတ်ဆီတွေကို တင်ဆောင်လာတယ်လို့ ဆိုပါတယ်။

Orkim Harmony ရေနံတင်သင်္ဘောဟာ မလေးရှားနိုင်ငံ Malacca ပြည်နယ်ကနေ Kuantan ဒေသကို ဦးတည် ခုတ်မောင်းနေတဲ့အချိန်မှာ ပျောက်ဆုံးသွားကြောင်း မလေးရှား ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး Ahmad Puzi Abdul က ကွာလာလမ်ပူမြို့မှာ ဇွန်လ ၁၅ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

မလေးရှားရေပိုင်နက်အတွင်းက Tanjung Sedili ဒေသနားရောက်တဲ့အချိန် သင်္ဘောနဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်သွားကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအရာရှိ ပြောတာကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဇွန်လ ၄ ရက်နေ့တုန်းကလည်း အခုပျောက်သွားတဲ့ သင်္ဘောကုမ္ပဏီပိုင် Orkim Victory ပေါ်ကို လက်လုပ် သေနတ်တွေကိုင်ဆောင်ထားသူ ၈ ဦးတက်လာပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ရေနံတင်သင်္ဘော Orkim Victory ပေါ်က စက်ပစ္စည်းတွေကို ဖျက်ဆီး၊ သင်္ဘော ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူသွားပြီးတဲ့နောက် သင်္ဘောကို ပင်လယ်ပြင်အတွင်း ဒီအတိုင်း ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG