သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးခေါင်းဆောင် မိုးသီးဇွန် ပြည်တော်ပြန်ခရီး


ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်ကို ထောက်ခံသူများ ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြစဉ်။ (စက်တင်ဘာလ ၁ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - အေပီ။
ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်ကို ထောက်ခံသူများ ရန်ကုန်လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြစဉ်။ (စက်တင်ဘာလ ၁ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - အေပီ။
မျက်ကွယ်ထောင်ဒဏ်ကျ ထင်ရှားတဲ့ မြန်မာ့တော်လှန်ရေး ခေါင်းဆောင်တဦးဟာ အစိုးရက အမည်မဲစာရင်းကနေ ဖယ်ရှားပေးပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ သွားပါတယ်။ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် စနေနေ့မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတော့ သူ့ကို ထောက်ခံသူတွေ ဝိုင်းဝန်း ကြိုဆိုခဲ့ကြပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။ မိုးသီးဇွန်ဟာ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်ပါတယ်။ မြန်မာအစိုးရက အရင်စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်ပအခြေစိုက် အတိုက်အခံတွေနဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို မြန်မာနိုင်ငံကို ပြန်လာခွင့်မပေးဘဲ တားဆီးထားတဲ့ စာရင်းကနေ အယောက် ၂,၀၀၀ ကျော်ကို ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက်မှာ မိုးသီးဇွန်လိုပဲ တခြားထင်ရှားတဲ့ အတိုက်အခံတွေ မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြပါတယ်။

အမည်မဲစာရင်းထဲက ဖယ်ရှားပေးခဲ့သူတွေထဲမှာတော့ နိုင်ငံခြားသား အတော်များများလည်း ပါပါတယ်။ အဲဒီ နိုင်ငံခြားသား အယောက် ၁,၀၀၀ ကျော်ထဲမှာ သတင်းထောက်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အများစုဖြစ်တဲ့ ထိုင်းနိုင်ငံသား ၆၄ ယောက်လည်း ပါဝင်ပြီး ၈ လေးလုံး အရေးတော်ပုံ သတင်းတွေ အစီရင်ခံမှုနဲ့ ပတ်သက်ပြီး နံမည်ကြီးတဲ့ ထိုင်းအမျိုးသမီး သတင်းထောက်
Yindee Lertcharoenchok လည်း ဒီအမည်မဲ စာရင်းကနေ ပယ်ဖျက်တဲ့အထဲမှာ ပါဝင်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်မှာ သမ္မတ ရာထူး ယူလိုက်ကတည်းက နိုင်ငံရေး အကျဉ်းသား ရာချီကို ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့တာပါ။ သူဟာ သတင်းမီဒီယာ တင်းကျပ်မှုတွေကို လျှော့ပေါ့ပေးခဲ့တဲ့အပြင် သူနဲ့မဟာမိတ်တွေကိုလည်း ဝန်ကြီးအဖွဲ့ထဲကို ခေါ်ဆောင်နေပါတယ်။
XS
SM
MD
LG