သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတူးလုပ်သားတွေ ချီတက်ဆန္ဒပြမှု ရပ်ဆိုင်း


ရန်ကုန်မြို့ကနေ နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့တဲ့ မိုးထိမိုးမိ ရွှေတူး အလုပ် သမားတွေဟာ တောင်ငူခရိုင်၊ ရေနီမြို့မှာ ပိတ်မိနေခဲ့ရာကနေ တာဝန်ရှိသူတွေနဲ့ အလုပ် သမား ခေါင်းဆောင်တွေကြား ညှိနှိုင်း ဆွေးနွေးပြီး သဘောတူညီချက ်(၅)ချက်နဲ့ ဆန္ဒပြရာ ကနေ နောက်ကြောင်းပြန်လှည့်ခဲ့ပြီလို့ ရွှေတွင်းတူး လုပ်သားခေါင်းဆောင်တွေက ပြောပါ တယ်။ ရွှေတွင်းတူးလုပ်သားတွေကို ရမည်းသင်းကို ပို့ဆောင်ရာမှာ ဒေသခံအာဏာပိုင်တွေအနေနဲ့ လုပ်သားတွေ သွားလိုရာကို ပို့ဆောင်ခြင်းမရှိတဲ့အပြင် လက်ရှိထားရှိတဲ့နေရာကိုလည်း လုံခြုံရေး တင်းကြပ်ထားတာကြောင့် အခက်ကြုံနေရတယ်လို့လည်း အလုပ်သမားခေါင်းဆောင်တွေ က ပြောပါတယ်။

ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ ထားပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေနီမြို့မှာ (၄) ရက်ကြာ ပိတ်မိနေတဲ့ မိုးထိမိုးမိ ရွှေတူးလုပ်သားတွေဟာ လုပ်သား ခေါင်းဆောင်တွေနဲ့ မြန်မာအဏာပိုင်တို့အကြား ညှိနှိုင်းမှု သဘောတူညီချက်အရ ဆန္ဒပြမှု ကနေ တပ်ဆုတ် ပြန်သွားပြီလို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။ ဆန္ဒပြ ရွှေတူး လုပ်သားတွေကို အာဏာပိုင်တွေ ကနေ ရမည်းသင်းကို ပို့ဆောင်ခဲ့တယ်လို့ ရွှေတူးလုပ်သား ကိုလှိုင်ကြီးက ပြောပါတယ်။

“ကျနော်တို့ ရမည်းသင်းကိုပြန်ရောက်နေပြီ။ ရမည်းသင်းကို သူတို့ကားနဲ့ လိုက်ပို့ပေးတယ်။ ပျဉ်းပတော ကျောင်း ဘက်ကို လာပို့ပေးတယ်။ အဲဒီမှာ ကျနော်တို့ စကားနည်းနည်း ပြောနေရတယ်။ ကျနော်တို့ တစုတစည်းတည်း လောလောဆယ် နေနေတာပါ။”

နိုဝင်ဘာ (၂၇) ရက်နေ့ကနေ ရမည်းသင်းကို ပြန်ခဲ့တာပါ။ လမ်းလျှောက်ချီတက် ဆန္ဒပြရွှေတူး လုပ်သားတွေ နောက် ပြန်ဆုတ်ဖို့ ဆုံးဖြတ်ရတာဟာလည်း မြန်မာအာဏာပိုင်တွေနဲ့ အလုပ် သမားခေါင်းဆောင်တို့အကြား ညှိနှိုင်းမှု အစီအစဉ်အရ ပြန်ခဲ့ရတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုလှိုင်မျိုးအောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပါတယ်။ ညှိနှိုင်းတာကတော့ အချက် (၅) ချက် ပေါ့နော်။ ရမည်းသင်းမှာကျနော်တို့ကို ကောင်းမယ်ထင်တဲ့ နေရာတနေရာသိတာပေါ့။ အဲဒီနေရာကို ကျနော်တို့ နေထိုင်ဖို့ စားဝတ်နေရေးကအစ အကုန်လုံးအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးပါ့မယ်လို့ သူတို့ ပြောပါတယ်။ နောက် တခုကျတော့ ကျနော်တို့ကို ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ (၃) ရက်နေ့မှာ ရမည်းသင်းခရိုင်ရုံးမှာ လုပ်ကိုင် ပေးပါ့မယ်လို့ သူတို့ ပြောပါတယ်။ နောက်ဆုံးအဆင့် ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ရဲ့ အလုပ် သမား ခေါင်းဆောင ်(၄) ဦးကို ပြန်လွှတ်ပြီးတော့ သူတို့နဲ့ (၉ဝ) % အဆင်ပြေနိုင်မယ်ဆိုရင် အထက်ကို တင်ပြ ပေးပါ့မယ်။ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရှေ့နေတွေ ခေါ်ပိုင်ခွင့် ပြုမယ်။ နောက်တခါ မီဒီယာသမားတွေကို ခေါ်ပိုင်ခွင့်ပြု မယ်ပေါ့နော်။ ကျနော်တို့ကို ခေါ်ပိုင်ခွင့်ပေးမယ်လို့ ပြောပါတယ်။”

ဒီညှိနှိုင်းအစည်းအဝေးကို အစိုးရဘက်က သတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအေးကျော်၊ ဦးခင်ဌေး၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်တဲ့ကိုယ်စားလှယ်တွေ ပါဝင်သလို ရွှေတူးလုပ်သားတွေဘက်ကတော့ ကိုလှိုင်မျိုးအောင ်ရှေ့နေဦးဌေး ရေတာရှည်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအာယု အပါအဝင် (၆) ဦးပါဝင်တယ်လို့ ကိုလှိုင်မျိုးအောင်က ပြောပါတယ်။

ရွှေတူးလုပ်သားတွေ တောင်းဆိုထားတဲ့ ရမည်းသင်းမြို့နယ်က ရန်အောင်မင်းဘုန်းကြီးကျောင်းကို ဒေသခံ အာဏာပိုင်တွေကနေ ပို့ဆောင်ခြင်းမရှိတဲ့အတွက် အခုအခါမှာ ရွှေတူးလုပ်သားတွေဟာ အဆင်မပြေမှုနဲ့ တွေ့ကြုံနေရပြီး လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်ခံနေရတယ်လို့ ကိုလှိုင်မျိုးအောင်က ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့ဟာ ရမည်းသင်းနဲ့ဝေးကွာတဲ့ ပျဉ်းပတောဘုန်းကြီးကျောင်းကို ရောက်နေပါ တယ်။ အလွန်ဝေးကွာတဲ့နေရာမှာ ရောက်နေတာမို့လို့ ကျနော်အနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း ပြောတဲ့အခါ ကျတော့ အခု လုံးဝအဆင်မပြေနိုင်တဲ့အနေအထား။ ကျနော်တို့ ဆောက်ထားတဲ့ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။ အဲရောက်အောင် ပို့ပေးဖို့ပြောတော့ အခု ပရိသတ်က နည်းနည်း ထစ်နေပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ကို လုံခြုံရေးတွေ နဲ့ စောင့်ကြပ်ထားပြီး တရားခံတွေလို ကျနော်တို့ကို ထားထားပါတယ်။”

ရွှေလုပ်သားခေါင်းဆောင်များဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ဟာ နိုဝင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်ကို ချီတက်စဉ် အတွင်း ရေနီစက္ကူ စက်ရုံအနီးမှာ လုံခြုံရေးရဲတွေကနေ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဒီအထဲမှာ ကိုနေအောင်ထက်နဲ့ ကိုစောနောင်တို့ နှစ်ဦးဟာ ရိုက်မှုဒဏ်ကြောင့် ရေတာရှည်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မိုးထိမိုးမိ ရွှေတူးလုပ်သားခေါင်းဆောင်( ၄) ဦးကိုတော့ နိုင်ငံတော်ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးကနေ တရားစွဲဆိုထားပြီး နိုဝင်ဘာ (၃ဝ) ရက်နေ့မှာ ရုံးထုတ် စစ်ဆေးမယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်မှာရှိတဲ့ မိုးထိမိုးမိ ရွှေတူးလုပ်သားတွေဟာ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ သဘောတူညီထားတဲ့ ရွှေမြင်တင်စာချုပ်ပါ အချက် (၆) ချက်ကို တောင်း ဆိုတဲ့ အနေနဲ့ နိုဝင်ဘာလ(၈) ရက်နေ့ကတည်းက ရန်ကုန်မြို့ကနေ မိုင ်(၂၇ဝ) ခန့် ကွာဝေး တဲ့ နေပြည်တော် အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အမျိုးသား ၆၉ ဦးနဲ့ အမျိုးသမီး (၇) ဦးပါဝင်တဲ့ ရွှေတူးလုပ်သားတို့ လမ်းလျှောက် ချီတက်ဆန္ဒပြရာ မှာ ရေနီမြို့ အရောက်မှာ ခေါင်းဆောင် (၄) ဦး အဖမ်းခံရပြီးတော့ လုံခြုံရေးရဲတွေကနေ ပိတ်ဆို့ ထားခြင်းခံနေရာကနေ လုပ်သားခေါင်းဆောင်တွေနဲ့ ဒေသခံအာဏာပိုင်တွေ ညှိနှိုင်းမှု သဘောတူညီချက်ကြောင့် အခုလို တပ်ခေါက် နောက် ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ရွှေတူး လုပ်သားတွေက ပြောပါတယ်။
XS
SM
MD
LG