သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ကြီးသစ်များ ကျမ်းသစ္စာဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၁၁ ဦး ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြပြီ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၁၁ ဦး ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြပြီ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၁၁ ဦး ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရှေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဝန်ကြီး ၁၁ ဦးထဲမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဝန်ကြီးတဦးပါ ပါဝင်တာကို တွေ့ရပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေနဲ့ သူတို့ တာဝန်ထမ်းဆောင်ကြမယ့် ဝန်ကြီးဌာနတွေအကြောင်းကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းဝေးပွဲတွေရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အသစ်ခန့်အပ်ဖို့အတွက် သမ္မတက အဆိုတင်သွင်းထားတဲ့ ဝန်ကြီး ၁၀ ဦးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တာပါ။

အဲဒီနောက်မှာတော့ ဒီကနေ့ အတည်ပြုပေးလိုက်တဲ့ ဝန်ကြီး ၁၀ ဦးနဲ့အတူ အရင်ရက်တွေက အတည်ပြုပေးပြီးသားဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တပါတည်း ကျမ်းသစ္စာ ဆိုခဲ့သလို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုတို့ကိုလည်း ဝန်ကြီး ၁၁ ဦးနဲ့အတူ ပြည်ထောင်စုလွှတ်တော်ဥက္ကဌက ပူးတွဲ ကျမ်းသစ္စာ ကျိန်ဆိုပေးခဲ့တဲ့အကြောင်း မြေပုံမဲဆန္ဒနယ်ကိုယ်စားပြု ရခိုင်အမျိုးသားတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပြပါတယ်။

“ဒီနေ့ ကျမ်းသစ္စာဆိုတာက ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် လေ၊ ကာကွယ်ရေးဝန်ကြီး။ သူပါတယ်။ နောက် ဒေါ်မြမြအုန်းခင်ပါတယ်။ ဦးအေးမြင့်ကြူ ပါတယ်။ ဦးဌေးအောင် နောက်ပြီးတော့ ဦးဇေယျာအောင်၊ နောက် ဒေါက်တာမြင့်အောင်၊ နောက်တယောက် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ဦးမောင်မြင့်၊ ဦးကျော်လွင် အဲ့တာကတော့ ဝန်ကြီးတွေပေါ့နော်။ ဝန်ကြီး ၁၁ယောက်ပေါ့နော်။ နောက် ဦးသိန်းထိုက် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နောက်ပြီး ဦးဝင်းကို ကော်မရှင်အဖွဲ့ဝင် ဒီလူတွေ အကုန် ကျမ်းသစ္စာကျိမ်ဆိုပါတယ်။”

အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေကိုတော့ လွှတ်တော်ရဲ့ အတည်ပြုချက်ရယူပြီးမှ သမ္မတက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ခွဲေ၀ တာဝန်ပေးအပ်တာဖြစ်ပါတယ်။

အခုအသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေထဲမှာ ထူးခြားချက်အနေနဲ့ကတော့ အရင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပထမဆုံး အမျိုးသမီးဝန်ကြီးအဖြစ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်တာပါ။

ဒီကနေ့ အတည်ပြုပေးလိုက်တဲ့ ကျန် ဝန်ကြီး ၉ ဦးနဲ့ သူတို့ တာဝန်ထမ်းဆောင်ရမယ့် ဝန်ကြီးဌာနတွေကတော့ - ဦးအေးမြင့်ကြူ ကို ယဉ်ကျေးမှုဝန်ကြီး၊ ဦးဌေးအောင် ကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး၊ ဦးဇေယျာအောင်ကို ရထားပို့ဆောင်ရေးဝန်ကြီး၊ ဒေါက်တာ မြင့်အောင် ကို သတ္ထုတွင်းဝန်ကြီး၊ ဦးဝန်းရှိန် ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ ဒေါက်တာ ကံဇော် ကို အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး၊ ဒေါက်တာကိုကိုဦး ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ ဦးမောင်မြင့် ကို အလုပ်သမားဝန်ကြီး၊ ဦးကျော်လွင် ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် သမ္မတက အသီးသီး တာဝန်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

ရာထူးက နှုတ်ထွက်သွားတဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းနေရာမှာ ဦးခင်မောင်စိုးနဲ့ အစားထိုး ခန့်အပ်လိုက်ပြီး ယခင် သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်လွဲပြောင်း ခန့်အပ်ကြောင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုနောက်ဆုံးပြုလုပ်တဲ့ အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲတွေထဲမှာတော့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ၆ ယောက်အပါအဝင် ဝန်ကြီးဌာနတွေကိုလည်း ၃၆ ဌာနအထိ တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG