သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံကို နိုင်ငံပေါင်း ၁၀၀ ကျော်အသိအမှတ်ပြု


ဆီးရီးယားပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူများ။
ဆီးရီးယားပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူများ။
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေက မကြာခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ကသာ ဆီးရီးယားလူမျိုးတွေကို တရားဝင်ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ကြပါတယ်။

ဒီအတောအတွင်း ဆီးရီးယားအစိုးရက Scud ဒုံးကျည်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကို မကြာခင်က ပစ်ခတ်ခဲ့တယ်လို့ အဆင့်မြင့် အမေရိကန်အရာရှိ တဦးက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ ဓာတုလက်နက်တွေ တပ်ဆင်ထားတဲ့ ဒုံးကျည် ဟုတ်မဟုတ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Scud ဒုံးကျည်တွေကို အသုံးပြုလာတာဟာ ၂ နှစ်နီးပါးလောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခဟာ ပိုပြီး အရှိန်မြင့်လာနေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ကလည်း ဆီးရီးယားအမျိုးသားညွန့်ပေါင်းအဖွဲ့ကို တရားဝင်အဖွဲ့အဖြစ် အစောပိုင်းမှာ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG