သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုင်ရိုမှာ လူထုဆန္ဒဖော်ထုတ်


ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတစ်ဦး။
ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတစ်ဦး။
အီဂျစ်နိုင်ငံမှာ စစ်တပ်ကို ထောက်ခံသူတွေနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူ ပြိုင်ဖက် အုပ်စုနှစ်ခုက အပြိုင်အဆိုင် အင်အားပြတဲ့အနေနဲ့ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို အီဂျစ်နိုင်ငံသားအများအပြား ပါဝင်ဆင်နွဲနေကြပါတယ်။

ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူတွေက ကိုရိုမြို့ Nasr ဒေသမှာရှိတဲ့ Rabia el-Aldawiya ဗလီကျောင်းမှာ သောကြာနေ့က စုဝေး ဆန္ဒပြခဲ့ပြီး မူဆလင်ညီအကိုတော်များအဖွဲ့ကလည်း မစ္စတာ မော်စီကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတဲ့ပုံတွေကို Tweeter လူမှုကွန်ယက်ကတဆင့် သငတ်း ထုတ်ပြန်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့လူတွေ စုဝေးပြီး မော်စီဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ကိုင်ရိုမြို့က Tahrir ရင်ပြင်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာနေပါတယ်။

စစ်ဦးစီးချုပ် Abdel Fattah el-Sisi ကလည်း သူ့အဆိုအရ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ လုပ်ပိုင်ခွင့်ပေးတဲ့အနေနဲ့ ဂုဏ်သရေရှိတဲ့ အီဂျစ်နိုင်ငံသားအားလုံး လမ်းမတွေပေါ်ထွက် ဆန္ဒပြ ထောက်ခံပေးကြဖို့ တောင်းဆိုထားပါတယ်။

အီဂျစ်နိုင်ငံမှာ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု Hamas နဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ မိုဟာမက် မော်စီကို ဆက်ပြီး ထိန်းသိမ်းထားဖို့ တရားသူကြီးက အမိန့်ထုတ်ပြန်မကြာခင်မှာပဲ အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာပါ။

အဲဒီစွဲချက်တွေကို စုံစမ်း စစ်ဆေးဖို့အတွက် မစ္စတာ မော်စီကို ၁၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အစိုးရပိုင် MENA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ မစ္စတာ မော်စီကို စစ်တပ်က ရာထူးကဖြုတ်ချလိုက်ပြီးတဲ့နောက် ဇူလိုင်လ ၃ ရက်နေ့ကစလို့ လျှို့ဝှက် စစ်တပ် ထိန်းသိမ်းရေးစခန်းမှာ စွဲချက် တစုံတရာမတင်ဘဲ ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ပါတယ်။
XS
SM
MD
LG