သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခွင့်ပြုချက် MSF သတိနဲ့ကြို


MSF
MSF

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက အကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ခွင့်ပြုကြောင်း အစိုးရရဲ့ ကြေညာချက်အပေါ် MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သတိနဲ့ ကြိုဆိုလိုက်ပါတယ်။ သာသနာ့ အလံကို နိုင်ငံခြားသားတွေက မချေမငံ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး NGO အဖွဲ့က ဝန်ထမ်းတွေကို ဒေသခံတွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တဲ့နောက် ဖေဖော်ဝါရီလကစလို့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစလို့ ရခိုင်ပြည်နယ်အတွင်း MSF အနေနဲ့ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ရေး အတွက် မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်နယ် အစိုးရနဲ့ပါ တောက်လျှောက် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့သူတွေ အများအပြား ရှိနေတာကြောင့် အခုလို အစိုးရက ပြန်လည်ခွင့်ပြုလိုက်တဲ့အပေါ် သတိနဲ့ ကြိုဆိုကြောင်း၊ သူတို့အနေနဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း MSF အဖွဲ့ရဲ့ ညွန်ကြားရေးမှူး တဦးဖြစ်တဲ့ Marcel Langenbach က နယ်သာလန်နိုင်ငံ Amsterdam မြို့ကနေ ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

MSF အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၁၉၉၄ ခုနှစ်ကတည်းက ရောက်ရှိနေ တာဖြစ်ပြီး ဖေဖော်ဝါရီလမှာ ပိတ်ပင်ခြင်း မခံရခင်အထိ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ အကြီးမားဆုံး လုပ်ဆောင်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG