သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဘိုင်း နေရာတချို့ Selfie မရိုက်ရ


အိန္ဒိယ မွန်ဘိုင်း ပွဲတော်တခုအတွင်းမှာ ဆယ်လ်ဖီ ရိုက်နေကြသူများ။
အိန္ဒိယ မွန်ဘိုင်း ပွဲတော်တခုအတွင်းမှာ ဆယ်လ်ဖီ ရိုက်နေကြသူများ။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးဖြစ်တဲ့ မွန်ဘိုင်းမြို့မှာ Selfies လို့ခေါ်တဲ့ ကိုယ့်ပုံကိုယ် အပျော်တမ်း ဓာတ်ပုံရိုက် ရင်း သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ အတွက် မွန်ဘိုင်းမြို့တဝိုက်က ၁၆ နေရာကို Selfie ဓာတ်ပုံ မရိုက်ရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။

AP သတင်းဌာန အဆိုအရ ၂၀၁၄ ခုနှစ်ကစလို့ ကမ္ဘာပေါ်မှာ Selfie ဓာတ်ပုံရိုက်ရင်း ကမ္ဘာတဝှမ်း သေဆုံးသူ ၄၉ ယောက် ရှိခဲ့တဲ့ထဲက ၁၉ ယောက်ဟာ အိန္ဒိယမှာ ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။ သေဆုံးမှု ၂ ခုမှာ - ၁ ယာက်ကတော့ အိန္ဒိယနိုင်ငံ အလယ်ပိုင်း Nashik မြို့က ရေကာတာတခုအနီးမှာ ဒီလဆန်းပိုင်းတုန်းက Selfie ဓာတ်ပုံ ရိုက်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တာပါ။ သူ့ကိုကယ်ဖို့ ကြိုးစားတဲ့ အတန်းဖော်ဟာလည်း ရေနစ်သေဆုံးသွားပါတယ်။

ဇန်နဝါရီလထဲမှာတုန်းကလည်း မွန်ဘိုင်းမြို့က ခရီးသွားတွေ မကြာခဏ အလည်အပတ် သွားကြတဲ့ Bandstand ခံတပ် အနီးက သမုဒ္ဒရာထဲ ပြုတ်ကျ ရာက ရေနစ်သေဆုံးခဲ့တာပါ။ နောက်ထပ် ဖြစ်ရပ်တခုကတော့ တမီးလ်နာဒူးက Kolli Hills တောင်မှာ အင်ဂျင်နီယာ ကျောင်းသားတယောက်ဟာ ဓာတ်ပုံရိုက်နေ တုန်း အောက်က ကျောက်တုံးပဲ့ပြီး လိမ့်ကျရာက ခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG