သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် Muslim Brotherhood ခေါင်းဆောင်အပေါ် သေဒဏ်ချမှတ်


 Mohammed Badie, bottom center, and senior Brotherhood figure Salah Soltan, right, gesture during an appearance at a courtroom in Cairo, Egypt, April 1, 2014.
Mohammed Badie, bottom center, and senior Brotherhood figure Salah Soltan, right, gesture during an appearance at a courtroom in Cairo, Egypt, April 1, 2014.

အီဂျစ်နိုင်ငံမှာ မတရားအသင်း ကြေညာခံထားရတဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် မိုဟာမက် ဘာဒီ (Mohammed Badie) နဲ့ ကျန် ၁၃ ယောက်ကို အကြမ်းဖက်လုပ်ရပ်တွေ လှုံ့ဆော်မှုနဲ့ တရားရုံးတခုကနေ သေဒဏ်ချလိုက်ပါတယ်။

စစ်သွေးကြွအဖွဲ့ကိုထောက်ခံမှုနဲ့ အမေရိကန်နိုင်ငံသား အီဂျစ်လူမျိုး မိုဟာမက် ဆော်လ်တန် (Mohammad Soltan) ကိုလည်း ထောင်ဒဏ်တသက် ချလိုက်ပါတယ်။

အခုလို မိုဟာမက် ဆော်လ်တန် (Mohammad Soltan) ကို ထောင်ဒဏ်တသက် ချလိုက်တဲ့အပေါ် အတော်လေး စိတ်ပျက်မိကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေးနဲ့ ထောင်ချခံရမှုအပေါ် စိုးရိမ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ မိုဟာမက် ဆော်လ်တန် (Mohammad Soltan) ကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အခုလို တရားရုံးရဲ့ စီရင်ချက်တွေကို အယူခံဝင်ခွင့်ရှိပေမဲ့လည်း နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

အခု ပြစ်ဒဏ်ချခံရသူတွေဟာ ၂၀၁၃ ခုနှစ်တုန်းက အစ္စလာမ်မစ်သမ္မတ မိုဟာမက် မော်စီကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက်ပိုင်း ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ကြရသူတွေထဲမှာ ပါဝင်ကြသူတွေ ဖြစ်ပါတယ်။ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေကို အစုလိုက် အပြုံလိုက် တရားစီရင်မှု တွေ လုပ်နေတဲ့အပေါ် နိုင်ငံတကာကလည်း အီဂျစ်ကို ဝိုင်းပြီး ဝေဖန်ခဲ့ကြပါတယ်။ မူဆလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် ဘာဒီကိုလည်း တခြား စွဲချက်တွေနဲ့လည်း တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG