သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
မူဆလင် ကွာရှင်းခွင့် ဥပဒေ အိန္ဒိယ တရားရုံး စိစစ်
နောက်ဆုံးရသတင်း

မူဆလင် ကွာရှင်းခွင့် ဥပဒေ အိန္ဒိယ တရားရုံး စိစစ်


 India Srinagar က မူဆလင်အမျိုးသမီး တဦး ဝတ်ပြုဆုတောင်းနေစဉ်။
India Srinagar က မူဆလင်အမျိုးသမီး တဦး ဝတ်ပြုဆုတောင်းနေစဉ်။

မူဆလင်ယောကျ်ားတွေက သူတို့အမျိုးသမီးတွေကို ကွာရှင်းချင်ရင် - ကွာရှင်းလိုက်ပြီ လို့ အဓိပ္ပာယ်ရတဲ့ talaq လို့ သုံးကြိမ်ပြောရုံနဲ့ တရားဝင် ကွာရှင်းခွင့်ပြုထားတဲ့ အစ္စလာမ်မိသားစုဥပဒေကို အိန္ဒိယ တရားရုံးချုပ်က စိစစ်နေပါတယ်။ ချက်ခြင်းကွာရှင်းနိုင်၊ မယားပြိုင်ယူနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စိန်ခေါ်ထားတဲ့ မူဆလင် အမျိုးသမီးတစ်ဦးရဲ့ အယူခံလွှာကြောင့် အခုလို တရားရုံးရဲ့ စိစစ်မှု ပေါ်ထွက်လာခဲ့တာပါ။

ရှေးရိုးစွဲ မူဆလင်အဖွဲ့တွေကတော့ အစ္စလာမ်တို့ရဲ့မိသားစုဆိုင်ရာဥပဒေတွေမှာ တရားစီရင်ရေးက ဘယ်လိုထိန်းချုပ်မှုကိုပဲဖြစ်ဖြစ် အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

Shayara Bano ဆိုသူ မူဆလင်အမျိုးသမီးတစ်ဦးက ၁၃ နှစ်ကြာ အိမ်ထောင်ရေး သက်တမ်းကို talaq သုံးကြိမ် လို့ ခေါ်တဲ့ စနစ်နဲ့ ကွာရှင်းပြတ်စဲခံခဲ့ရပြီးနောက် အခုလို အသနားခံလွှာ တင်ခဲ့တာပါ။ အမျိုးသမီးတွေအပေါ်မှာ ဒီလို ပြဌာန်းချက်ဟာ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ကိုယ်ပိုင်ပစ္စည်းလို ပြုမူဆက်ဆံတာဖြစ်ပြီး ဒါဟာ ခေတ်သစ် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ ကျား-မ တန်းတူရေးတွေကို ဆန့်ကျင်ရာကျတယ်လို့ ပြောပါတယ်။

သူ့ရဲ့အသနားခံလွှာမှာ Bano က - ယောက်ကျားတွေက သူတို့ရဲ့ဇနီးတွေကို ကွာရှင်းချင်ပြီဆိုရင် အဲဒီ talaq စကားသုံးလုံးကို facebook – skype နဲ့ text message တွေ ရိုက်ပို့ပြီး ကွာရှင်းတဲ့အမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ထိမ်းမြားလက်ထပ်တဲ့ဥပဒေ၊ အမွေဆက်ခံခြင်း၊ သားသမီးမွေးစားခြင်း နဲ့ သားသမီးပိုင်ဆိုင်ခွင့်တွေမှာ ကိုးကွယ်ရာ ဘာသာတစ်ခုချင်းစီကို လိုက်ပြီး သီးခြား ဥပဒေတွေ ရှိနေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG