ဒီမိုကရေစီရေး တိုးတက်လာဖို့အတွက် စစ်တပ်က အခုအချိန်အထိ အဟန့်အတား ဖြစ်နေစေတယ်လို့ The ASEAN Inter-Parliamentary Myanmar Caucus (AIPMC) AIPMC မြန်မာ့အရေးဆောင်ရွက် တဲ့ အမတ်များအဖွဲ့က သတိပေးလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ မြန်မာလွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံဖလှယ်ရေးအစီအစဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ချိန်မှာ AIPMC ဥက္ကဌ Eva Kusuma Sundari က မြန်မာစစ်တပ်ဟာ လွှတ်တော်ကို ဒီမိုကရေစီ နည်းမကျတဲ့ ပုံစံနဲ့ ထိန်းချုပ်ဖို့ ဆက်ပြီးကြိုးပမ်းနေသလို ဒီမိုကရေစီရေးဖြစ်ထွန်းမှုတွေ အတွက် အတားအဆီးတခုအဖြစ်နဲ့ ရှိနေတုန်းပဲလို့ သတိပေးလိုက်တာပါ။
အင်ဒိုနီးရှားနိုင်ငံက အပြောင်းအလဲ လုပ်ဆောင်ရာမှာ အောက်ခြေကနေ အထက် အဆင့်ဆင့်ပြောင်းလဲတဲ့ ပုံစံမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အနည်းနဲ့အများ အထက်ကနေ အောက် အဆင့်ဆင့်ပြောင်းလဲဖို့ ကြိုးစားတဲ့ပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို လူမှုအသိုင်းအဝိုင်းဖက်ကရော ၊ မီဒီယာကပါ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ လူထုရဲ့ လွတ်လပ်ခွင့်တွေကို စစ်တပ်က ဖိနှိပ်ချိုးနှိမ်ခဲ့တာမို့ သူတို့အတွက် ဒီမိုကရေစီလမ်းမှန်ကိုရောက်အောင် လုပ်ဆောင်ခြင်းဟာ စိန်ခေါ်မှုတရပ်လို့ ဖြစ်နေပါတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။