သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အချက်အလက် စနစ်ထဲ မြန်မာ စတင်ပါဝင်


မြန်မာနိုင်ငံဟာ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီးရဲ့ GDDS ခေါ်တဲ့ ကမ္ဘာနိုင်ငံအနှံ့ အချက်အလက်တွေ စုဆောင်းသိုလှောင်မှုစနစ်ထဲမှာ စတင်ပါဝင်လိုက်ပြီလို့ IMF က ကြေညာချက်ထုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စာရင်းအင်းစနစ်တွေ တိုးတက်ကောင်းမွန်လာဖို့ ဒါဟာ အဓိက ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် နိုင်ငံအနှံ့က အချက်အလက်စာရင်းဇယားတွေကို ပြုစုထားတဲ့ IMF အင်တာနက်စာမျက်နှာမှာ မြန်မာနိုင်ငံရဲ့ တရားဝင်အချက်အလက်တွေကိုပါ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ GDDS စနစ်ထဲ ပါဝင်တဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ၁၁၀ မြောက် နိုင်ငံဖြစ်တယ်လို့ IMF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားစာရင်းကိန်းဂဏန်းစနစ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်မှုတရပ်အနေနဲ့ မြန်မာနိုင်ငံဟာ IMF ရဲ့ ဒီအချက်အလက် စုဆောင်းမှုစနစ်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောဆိုတယ်လို့ IMF ကြေညာချက် မှာ ဖော်ပြပါတယ်။

အခုလို GDDS စနစ်ထဲ မြန်မာနိုင်ငံပါဝင်လာတဲ့အပေါ်မှာ ကျေနပ်အားရမိပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ စာရင်းအင်းကိန်းဂဏန်း ထားရှိမှုစနစ်တိုးတက်လာရေး အတွက် အရေးပါတဲ့ မှတ်တိုင်ဖြစ်တယ်လို့ IMF ရဲ့ အချက်အလက်ဆိုင်ရာဌာန ညွန်ကြားရေးမှုး Mr.Louis Marc Ducharme က ပြောပါတယ်။
XS
SM
MD
LG