သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား လွှတ်ပေးမှု UNICEF ကြိုဆို


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (၃ စက်တင်ဘာ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (၃ စက်တင်ဘာ ၂၀၁၂)
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုကို အဆုံးသတ်ဖို့ အစိုးရက ကတိပြုထားတဲ့အတိုင်း ဇူလိုင်လ ၇ ရက်နေ့မှာ တပ်မတော်က အရွယ်မရောက်သေးသူ စစ်သား ၄၂ ဦးကို စေလွှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နယူးယောက်အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကို မမေစန္ဒီ က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာစစ်တပ်တွင်းက ကလေး စစ်သား ၄၂ဦးကို ဇူလိုင်လ ၇ရက်နေ့ မှာ တပ်မှ နှုတ်ထွက်ခွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂကကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ပြောခွင့်ရ ပီတာ စာဒန် (Peter Serdon) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ကုလသမဂ္ဂအနေနဲ့ အထူးသဖြင့် UNICEF အနေနဲ့ စစ်တပ်ထဲက ကလေးတွေကို တာဝန်တွေကနေ ရပ်ဆိုင်းပြီး ပြန်လွှတ်လိုက်တဲ့အတွက် အထူးကြိုဆိုပါတယ်။ ဒါဟာ အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့ ၂၀၁၂ ခုနှစ်စီမံကိန်းက နေစပြီး အခု နောက်ဆုံး ၄၂ ယောက်နဲ့ဆိုရင်တော့ ပြန်လွှတ်ပေးလိုက်တာ ၆၆ ယောက် ရှိပါပြီ။ အခုလို ကလေးတွေကို စစ်တပ်ထဲကနေ ပြန်လွှတ်ပေးနေတာတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆောင်ရွက်နေတယ်လို့လည်း ကျနော်တို့ ခံစားမိပါတယ်။ နောက်ပြီး နောင်ကိုလဲ ဒါမျိုးတွေ ဆက်လုပ်ဖို့နဲ့ စစ်တပ်ထဲမှာ ကလေးတွေ လုံးဝမရှိတဲ့အထိ လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာအစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၆၁၂ အောက်မှာ ကလေးတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ သူတို့ မိသားစုအသိုင်းအဝိုင်းနဲ့ လျင်မြန်စွာ ပြန်လည် ပေါင်းစည်းနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂရဲ့ စီမံချက်အတိုင်း ၂၀၁၂ မှာ သဘောတူ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုအရ မြန်မာအစိုးရဟာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေကို ခန့်အပ်ခြင်းမှ အကာအကွယ် ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာစစ်တပ်တွင်းမှာ ကလေးစစ်သားတွေ ရှိနေသေးပေမဲ့ အရင်ကထက်စာရင် ကလေးစစ်သား အသုံးပြုမှု လျော့နည်းလာတယ်လို့ သူက ပြောပါတယ်။

“ကျန်နေသေးတဲ့ ပြဿနာကတော့ စစ်တပ်ထဲမှာ ကလေးတွေ ရှိနေသေးတုန်းပါ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ အစိုးရက ဒီစီမံချက်ကို လက်မှတ်ရေးထိုးပြီးကတည်းက ကလေးစစ်သား စုဆောင်းတဲ့ အရေအတွက်လည်း လျော့နည်းလာပါတယ်။ ၂၀၁၂ ခုနှစ် အစိုးရ အစီရင်ခံစာတွေအရ ဒီစီမံချက်ကြောင့် ကလေးအယောက် ၅၀၀ ကို စစ်မှုထမ်းခွင့် ပယ်ဖျက်ပေးလိုက်တယ်လို့ ဆိုပါတယ်။ သူတို့အဆိုအရ အဲဒီကလေး အယောက် ၅၀၀ ကို တပ်ထဲ မသွင်းဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ စစ်တပ်ထဲမှာ ကလေး အရေအတွက် ဘယ်လောက်ထိ ကျန်နေသေးတယ်ဆိုတာတော့ အတိအကျ မသိပါဘူး။”

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ဖို့ အစိုးရက ကတိပြုထားတဲ့အတိုင်း ဇူလိုင်လ ၇ ရက်နေ့မှာ တပ်မတော်ကနေပြီးတော့ ကလေး ၃၄ ဦးနဲ့ အရွယ်မရောက်သေးသူ ၈ ဦးတို့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနတို့က အကြီးတန်း အရာရှိတွေနဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေ၊ UNICEF အရာရှိတွေရဲ့ ရှေ့မှောက်မှာပဲ သူတို့ရဲ့ မိသားစုတွေထံ ပြန်လည် စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG