သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်က တရုတ် စစ်ရေးလေ့ကျင်မှု မြန်မာ စိုးရိမ်


 မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ သတင်းဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန။ (ဇွန်-၄-၂၀၁၅)
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ သတင်းဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန။ (ဇွန်-၄-၂၀၁၅)

မြန်မာအစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း ဗုံးတွေ၊ လက်နက်ကြီး ကျည်ဆံတွေ မကြာခဏ ကျရောက်လေ့ ရှိတတ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ တရုတ်စစ်တပ်က ဒီသီတင်းပတ် အစောပိုင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ အပေါ် မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။

တကယ့်စစ်မြေပြင်မှာလို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး လေ့ကျင့်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆိုခဲ့တာပါ။ တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ မြေပြင်နဲ့ဝေဟန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပါဝင်တဲ့ အင်္ဂါနေ့က စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေကို ကြိုတင်အသိပေးထားတဲ့ အကြောင်း ပြောဆိုထားတာပါ။

မြန်မာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း မြန်မာတိုက်လေယာဉ်တွေက ကြဲချခဲ့တဲ့ဗုံးကြောင့် မတ်လထဲမှာ လူ ၅ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက် အပါအဝင် နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေ ကြုံနေရချိန်မှာပဲ တရုတ်နိုင်ငံဖက်က စစ်ရေးလေ့ကျင်မှု ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေဟာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေတယ်လို့ တရုတ်နိုင်ငံက ယူဆထားကြောင်း ပြောဆိုခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG