သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နှိုင်းယှဉ်ပြီး ကျူးဘား ဆက်ဆံရေးအပေါ် ကန် လွှတ်တော်အမတ် ဝေဖန်


 ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio ။
ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio ။

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ နောက်လမှာ ကျူးဘားနိုင်ငံကိုသွားဖို့ စီစဉ်ထားတာမို့ လက်ရှိ သမ္မတတဦးအနေနဲ့ နှစ်ပေါင်း ၇၀ အတွင်း ကျူးဘားနိုင်ငံကို သွားတဲ့ ပထမဆုံး သမ္မတဖြစ်ပါလိမ့်မယ်။

အမေရိကန်က ကျူးဘားနဲ့ ပြန်ပြီး ဆက်ဆံလာတဲ့အပေါ် ကျေနပ်တဲ့သူတချို့က သူ့ကိုကြိုဆိုဖွယ် ရှိပေမဲ့ ဝေဖန်သူတွေလည်းရှိပါ တယ်။ ဒီထဲမှာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေထဲက တဦးဖြစ်သူ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio လည်း အပါအဝင်ပါ။

အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အပြောင်းအလဲ လုပ်ခဲ့သလို မြန်မာနိုင်ငံ မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာကို ထောက်ပြပြီး သူကဝေဖန် တာပါ။ မြန်မာ အစိုးရက အပြောင်းအလဲတွေလုပ်တာကြောင့် အမေရိကန်ဘက် ကလည်း မူဝါဒ အပြောင်းအလဲလုပ်ခဲ့တဲ့အတွက် ဒီကနေ့ဆိုရင် အရင်က လူနည်းစုပါတီ ဟာ လွှတ်တော်ထဲမှာ လူများစုပါတီဖြစ်လာပြီလို့ မစ္စတာ Rubio က ထောက်ပြပါတယ်။

ဒါပေမဲ့ ကျူးဘားမှာတော့ အဲဒီလိုလုပ်ဖို့ သမ္မတအိုဘားမားက မတောင်းဆိုခဲ့ဘဲ ကျူးဘားအစိုးရဟာ ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတရပ် အဖြစ် ဆက်ရှိနေတုန်းပဲလို့ မစ္စတာ Rubio ကပြောပါတယ်။ သမ္မတအိုဘားမားရဲ့ ခရီးစဉ်ကြောင့် ကျူးဘား ကွန်မြူနစ် အစိုးရရဲ့ တရားဝင်မှုကို ထောက်ခံအားပေး သလို ဖြစ်စေနိုင်တယ်ဆိုပြီး ကျူးဘားလူမျိုးတချို့ကလည်း ဝေဖန်ကြပါတယ်။

မတ်လ ၂၁ ရက်နဲ့ ၂၂ ရက် နှစ်ရက်ကြာ သွား ရောက်မယ့် ခရီးစဉ်အတွင်း ကျူးဘားသမ္မတ Raul Castro နဲ့ တွေ့ဆုံတဲ့အခါ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆို မယ်လို့ သမ္မတအိုဘားမားက ကတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဟားဗားနားမြို့တော်မှာ အမေရိကန်သံရုံး ဖွင့်လှစ်ပြီးတဲ့ နောက်ပိုင်း သမ္မတအိုဘားမားရဲ့ အခုခရီးစဉ်ဖြစ်လာတာပါ။

XS
SM
MD
LG