နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင် လာနေတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံလူဦးရေ တဝက်လောက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန် လာစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်တည်း လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့ အကြောင်း အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့က ထောက်ပြပြောဆိုနေကြပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ National Endowment for Democracy (NED) အဖွဲ့ရုံးမှာ မနေ့ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အခုလို ထောက်ပြ ခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေနဲ့အတူ လက်ရှိ ပွင့်လင်း လာတဲ့ မြန်မာ့ နိုင်ငံရေး အခင်းအကျဉ်းမှာ အမျိုးသမီးတွေ ဘယ်လို ဆက်လက် ပါဝင်နိုင်မလဲ ဆိုတာနဲ့၊ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။ “Can Democracy Work for Women in Burma?” မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ အမျိုးသမီးတွေ အတွက် အလုပ်ဖြစ်နိုင်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ NED ရဲ့ လေ့လာရေးနဲ့ သုတေသန အစီအစဉ်တခုနဲ့ ရောက်နေတဲ့ Nang Lao Liang Won ခေါ် ဒေါ်ဌေးဌေး က ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပွင့်လင်းလာမှုနဲ့အတူ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေ ပိုပြီးရှိလာနေတာ တွေ့နိုင်ပေမဲ့ အမျိုးသမီး အခွင့်အရေးတွေ တိုးတက်ကောင်းမွန် လာဖို့မှာ အစိုးရကိုယ်တိုင်ကပါ လိုလိုလားလားနဲ့ အားပေး ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ ဒေါ်ဌေးဌေးက ပြောပါတယ်။
" အမျိုးသမီးတွေအတွက် နေရာတွေ ပေးထားတာတော့ ဟုတ်ပါ တယ်။ နောက်ပြီးတော့မှ လုပ် လည်း လုပ်နိုင်လာ ပါတယ်။ ကောင်းလည်း ကောင်းတယ်။ အမျိုးသမီး ချီတက်တာတွေ ဖြစ်လာ တယ်။ အမျိုးသမီး ဖိုရမ်တွေ ပေးလုပ်လာတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက နင်တို့ကိစ္စတွေ နင်တို့ပဲ လုပ်ကြဆိုပြီးတော့မှ လုပ်မယ့်အစား၊ ဘာလည်းဆိုတော့ အစိုးရကိုယ်တိုင်က လိုလိုလားလားနဲ့ ထောက်ပံ့တွေပေးဖို့ လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကိုယ်တိုင်က ဘက်ဂျက်တွေ ခွဲဝေတဲ့နေရာမှာ လိုတယ်။ အခုကြည့်လေ သူတို့မှာရှိနေတဲ့ မြန်မာ့အမျိုးသမီးရေးရာဆိုတာ လုပ်အားပေးအဆင့်ပဲရှိတာ။ တကယ်ဆို အမျိုးသမီးတွေကို တိုးတက်ဖို့ဆိုရင် အမျိုးသမီးအတွက်ကို ဘက်ဂျက်က သပ်သပ်ရှိရမှာ။
နောက်ပြီးတော့မှ တိုင်းပြည်တိုးတက်ဖို့ဆိုတာ အမျိုးသမီးတွေက ပညာမတတ်လို့ရှိရင် လုပ်အား ငါးဆယ်ရာခိုင်နှုန်းက အသုံးမပြုသလိုဖြစ်နေ တာလေ။ အမျိုးသမီးတွေက တကယ်ဆိုရင် နေရာပေးရင် လုပ်တတ်ပါတယ်။ သူတို့ဘာသူတို့ လုပ်ပါစေတော့၊ဆိုတာမျိုးထက် ပံ့ပိုးမှုတွေလိုတယ်။ အစိုးရကိုယ်တိုင်က ပြောဖို့လိုတယ်။ ဟိုနေ့က House Speaker ပြောသွားတာ သိပါတယ်။ သူတို့က အမျိုးသမီးကိစ္စတင်လာလို့ရှိရင် ကျနော်တို့ လွှတ်တော်က အတည်ပြုပေးပါ့မယ်ဆိုတာ အဲ့ဒီ့ကတိအတိုင်း လုပ်ပေးပါလို့။"
မြန်မာအမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပိုမိုပါဝင်လာနိုင်အောင် အစိုးရက ဆောင်ရွက်ပေးဖို့လိုအပ်သလို၊ မြန်မာနိုင်ငံထဲမှာ
အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ပညာပေးမှုတွေ အများအပြား လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ် ဆိုတာကို လည်း ဒေါ်ဌေးဌေး က ထောက်ပြခဲ့ပါတယ်။ မြန်မာ့သမိုင်း တလျှောက်ကိုပြန်ကြည့် ရင် အမျိုးသမီးတွေဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ ပုံစံမျိုးစုံနဲ့ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပေမဲ့လို့၊ ကျေးရွာ အဆင့်ကနေ နိုင်ငံတော်အဆင့်အထိ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍတိုင်း၊ အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှုကတော့ နိမ့်ကျနေဆဲဖြစ်တယ် ဆိုတာကိုလည်း ထောက်ပြပြီးတော့ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေ တိုးတက် ကောင်းမွန်လာဖို့မှာ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း ရှိနေတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထား၊ အယူအဆတွေကို ပြောင်းလဲပစ်နိုင်ဖို့ အရေးကြီးတယ် လို့လည်း ဒေါ်ဌေးဌေးက ပြောပါတယ်။
"အဓိက အခက်အခဲက ဘာလဲဆိုတော့ အမျိုးသမီးဆိုပြီးတော့မှ ဒီအမြင်က၊ အမျိုးသမီးဆိုရင် ဘာမလုပ်ရဘူးဆိုတဲ့ အမြင်က အရေးကြီးနေတာလေ။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့တာတွေက အိမ်ကအစ၊ ကျောင်းကအစ၊ ပြင်ရမှာ ဆိုတဲ့အခါကျတော့ ဟုတ်ပါတယ်။ ချက်ခြင်းကြီးကတော့ ဖြစ်လာမှာမဟုတ်ဘူး။ ဒီနေ့စပါ နောက်ဆယ်နှစ်ကျရင် ဖြစ်လာမယ်။"
လက်ရှိလွှတ်တော်ထဲမှာ အမျိုးသမီးလွှတ်တော်ဦးရေဟာ လွှတ်တော်တခုလုံးရဲ့ ၄ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာကို လည်း ဒေါ်ဌေးဌေးက ထောက်ပြပါတယ်။ ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ NED အဖွဲ့ရဲ့ အာရှနဲ့ကမ္ဘာ့ရေးရာ လုပ်ငန်းများဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး Brian Joseph ကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးရေး လှုပ်ရှားမှုတွေဟာ အရင်ထက်စာရင် ပိုမိုအားကောင်း လာခဲ့သလို၊ မျှော်လင့်ချက်ကောင်းတွေ လည်း ရှိလာနေပြီလို့ ဆိုပါတယ်။
“ကျနော် မြန်မာကိစ္စမှာ ပါဝင်လုပ်ကိုင်လာခဲ့တာ နှစ် ၂၀ နီးပါးလောက်ရှိပါပြီ။ ကျနော်ပြောနိုင်တာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ လောက်တုန်းက ဆိုရင် မြန်မာ့အမျိုးသမီးရေး လှုပ်ရှားမှုတွေ မရှိသလောက်ပါ။ လူမှုရေး လုပ်ငန်းတွေ၊ အစဉ်အလာအရ ရှိလာတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေလုပ်နေကျ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေ၊ ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တွေမှာ ပါဝင်ပတ်သက်နေတဲ့ အမျိုးသမီးတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးအနည်းစုလောက်ပဲ လူမှုအသိုင်းအဝိုင်း ရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေတာကို တွေ့ရမှာပါ။ ခုနောက်ပိုင်းမှာတော့ သာမန်ရိုးကျ အမျိုးသမီးအဖွဲ့အစည်းပုံစံကနေ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို စွမ်းရည်မြင့်တင်မှုတွေနဲ့ နိုင်ငံရေးနယ်ပယ်တွေအထိပါ ထိုးဖောက် ဝင်ရောက် လာနေနိုင်ပြီဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာပေမဲ့လို့ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ ရှေ့ဆက် ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ဆွေးနွေးသူတွေက ထောက်ပြခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ
ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍအသီးအသီးမှာ အမျိုးသမီးတွေ ပါဝင်မှုအားကောင်းလာအောင် ဆောင်ရွက်သွားဖို့ အရေးကြီးသလို၊ အမျိုးသမီးတွေကို နေရာမပေးဘဲနဲ့တော့ လက်ရှိဖော်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေ ဖြစ်မှာမဟုတ်တဲ့အကြောင်း ဒီဆွေးနွေးပွဲမှာ ပါဝင်သူတွေက ထောက်ပြ ဆွေးနွေးခဲ့ကြပါတယ်။