သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးသွားလာမှု ကန် သတိပေး


အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်။
အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ်လို့ကြေညာ ထားတဲ့ ရွေးကောက်ပွဲတွေကြောင့် မြန်မာနိုင်ငံဆီ ခရီးသွားမယ့် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၇ ရက်နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားပါ တယ်။

ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း လုံခြုံရေးအခြေအနေကို အထူးသတိထားပြီး စောင့်ကြည့်ကြဖို့ အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။ ခရီးသွားသူတွေအနေနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ အခက်အခဲဖြစ်တာတွေ ဒါမှမဟုတ် အဆင်မပြေတာတွေ ကြုံရနိုင်တာကို သတိပြုမိကြသင့်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခု ခရီးသွားသတိပေးချက်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ကျမှ သက်တမ်းကုန်ဆုံးမှာပါ။ ရွေးကောက်ပွဲကာလ အတွင်းမှာ လုံခြံရေးပိုင်းကို အထူးသတိထားသင့်ပြီး နိုင်ငံရေးစုဝေးပွဲတွေ၊ မဲရုံတွေ၊ ဆန္ဒပြပွဲတွေနဲ့ ဘယ်လို လူစုလူဝေးမျိုးကိုမဆို ရှောင်ရှားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ မတည်မငြိမ်အခြေအနေမျိုးတွေဟာ ကြိုတင်သတိပေး ချက်မရှိဘဲ ဖြစ်လာနိုင်ပြီး ဘေးကရပ်ကြည့်သူတွေကို အန္တရာယ်ဖြစ်စေနိုင် တယ်လို့လည်း ဆိုပါတယ်။

ကိုယ်တိုင်ရဲ့ လုံခြုံရေးအစီ အစဉ်ကို ပြန်သုံးသပ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်ကို အမြဲသတိထားဖို့၊ နောက်ဆုံးအခြေအနေတွေကို သတင်းဌာနတွေကနေ မပြတ် စောင့်ကြည့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတဝန်းမှာ မြန်မာအာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့်နိုင်ခြေရှိတယ်လို့လည်း သတိပေးပါ တယ်။

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေဖြစ်လာ ရင် အမေရိကန်နိုင်ငံသားတွေကို ရည်ရွယ် ပစ်မှတ်ထားလာမယ်လို့ ယုံကြည်လောက်စရာအကြောင်း မရှိသေးပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG