ဧရာဝတီတိုင်းတွင်းက ရေလွှမ်းမိုးမူခံရတဲ့ မြို့နယ် တချို့က ကျေးရွာတွေမှာ ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်ပေမယ့် ရေဘေးသင့်ဒေသတွေက ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။ ရေကြီးမူကြောင့် လယ်မြေဧကပေါင်း သောင်းချီ နစ်မြုတ်ခဲ့တဲ့ အတွက် ဒေသခံလယ်သမားတွေ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ ဧရာဝတီတိုင်းအတွင်းက ရေဘေးဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သတ်ပြီး နောက်ဆုံးအခြေအနေကို ဒေသခံပြည်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။
အခုဆိုရင် ရေကြီးမူဒဏ်ကို ဆိုးဆိုးရွားရွားခံလိုက်ရတဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ပန်းတနော်မြို့နယ်က ကျေးရွာတချို့မှာ ရေအနည်းငယ် ပြန်ကျသွားပြီ လို့ ဆိုနိုင်ပေမယ့် ရေအမြင့်ပေကတော့ ခါးလည်လောက် ရှိနေတုန်းပဲလို့ ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင် သွားရောက်ပြီး အကူအညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကပြောပါတယ်။
“မနေ့က ကျနော်ရောက်တော့ စားသောက်ဖို့ အခက်အခဲ အရှိဆုံးပါပဲ။ တချို့က ဘာလုပ်ငန်း ကိုင်ငန်း ဘာဝင်ငွေမှ မရှိဘူး။ စုဆောင်းထားတာလည်း ဘာမှ မရှိဘူး။ သွားလာ ရှာဖွေစားသောက်ရမယ့် မြေပြင်ဆိုတာမရှိဘူး။ အဓိကက စားဖို့အခက်အခဲရှိတာပေါ့။ အခုတော့ လာလှူသမျလူတွေ ပေးတဲ့ဟာကို ဆန်ပြုတ်သောက်တန်သောက် ဆန်နည်းနည်းများရင် ကလေးတွေ ဝအောင်ကျွေး အဲ့လိုရှိနေတယ်။ အဓိက စားဝတ်နေရေး ကျနော်တို့တော်တော်လေး အကူအညီပေးမှ အသက်ဆက်နိုင်မှာပဲ။ ရေလုံးဝကျသွားပြီးတော့ စိုက်ပျိုး ပြန်ရှာစားနိုင်တဲ့အထိကို ကျနော်တို့ပေးနေမှ ရမှာပါ။ ဒါသာပေါင်းဒေသပါ။ ပန်းတနော်က သာပေါင်းထက်ပိုဆိုးနေတဲ့ အနေအထားရှိပါတယ်။ လုံးဝရေမကျသေးပါဘူး။ စိုက်ပျိုးမြေဧက နှစ်သောင်းလောက် ရေမြုတ်နေပြီးတော့ ရွာပေါင်းနှစ်ရာကျော်လောက် ရေအောက်မှာ ရှိနေပါသေးတယ်။”
ရေဘေးဒဏ်သင့်တဲ့ ကျေးရွာကပြည်သူတွေဟာ ရေနစ်မြုတ်နေတဲ့ မိမိတို့နေအိမ်တွေမှာပဲ နေရပြီး အလှူရှင်တွေရဲ့ အကူအညီနဲ့ နေထိုင် စားသောက်နေရတဲ့အတွက် အခက်အခဲတွေနဲ့ကြုံနေရတယ် လို့လည်း ဒေသခံ ဆီဆုံကျေးရွာက ဒေါ်သိန်းရှင်က ပြောပါတယ်။
“ဟုတ်တယ် စားတာသောက်တာကျတော့ နည်းနည်းပါးပါး ရှာဖွေပြီးတော့ အဆင်ပြေအောင် လုပ်စားနိုင်တဲ့သူလည်း ဒီလိုပဲ ရှာဖွေပြီးတော့ နည်းနည်း စားရတာပေါ့။ လည်လည်ပယ်ပယ် မရှိတဲ့သူကျတော့လည်း မရှိသလောက်တော့ အခက်အခဲတော့ရှိသွားတာပေါ့။ သာပေါင်းမြို့နယ်မှာ ဆိုရင် မကြုံဖူးသလိုပေါ့။ အန်တီ့အသက်က ခြောက်ဆယ်ရှိပြီပေါ့။ အဲ့ဒီ့အထိ တစ်ခါမှ ဒီလိုရေကြီး နစ်မြုတ်တာနဲ့ မကြုံခဲ့ရသေးဘူး။ အခုကျတော့ အန်တီတို့လည်း တအားကြီး စိတ်ပူကြတာပေါ့။ တချို့အိမ်တွေဆို အန်တီတို့နောက်ဖက်က ရွာကကွင်းလယ်ခေါင်တို့ ဘာတို့မှာ ဆောက်ထားတဲ့ အိမ်ဆို အိမ်လိုက် အလုံးလိုက်ကြီး ပြုတ်သွားတာတို့ သစ်ပင်ပိသွားတာတို့ အဲ့တာတွေနဲ့ကြုံရတယ်ပေါ့။”
ဧရာဝတီတိုင်း ပန်းတနော်ဒေသတွင်းမှာတော့ စီးပွားရေးလုပ်ကွက်အင်းတွေ ပိတ်ထားတဲ့ အတွက် ကျေးရွာတွေဘက်မှာ ရေကျမူမရှိသေးလို့ ဒေသခံတွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။
“ လက်ရှိရေကြီးနေတဲ့ဥစ္စာက သဘာဝဘေးကြောင့်ဆိုတာ လက်ခံခဲ့တယ်။ ဒါပေမယ့် သဘာဝဘေးကြောင့်က သူ့အလိုအလျောက်ထွက်သွားအောင် စီစဉ်ပေးထားတယ်ဆိုရင် ကျသွားမှာလေ။ အခုက အဲ့လိုမဟုတ်ပဲနဲ့ ကျနော်သိရသလောက်ပေါ့ အင်းတွေက မတရား လယ်မြေတွေသိမ်းပြီး အင်းတွေ တည်ဆောက်ထားပြီး ငါးမွေးကန်တွေလုပ်ပြီး သူတို့ရဲ့ ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ပန်းတနော်ဒေသမှာ တင်နေတဲ့ ဧကနှစ်သောင်း တင်နေတဲ့ရေက မကျသေးတာလို့ဆိုပါတယ်။”
နစ်မြုတ်သွားတဲ့ကျေးရွာတွေက စာသင်ကျောင်း အချို့ပြန်ဖွင့်လှစ်ပေမယ့် မြစ်ရေ တက်နေဆဲဖြစ်လို့ ကျောင်းတော်တော်များများတော့ ဆက်ပိတ် ထားရဆဲ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူအချို့ဟာ ရေဘေးဒုက္ခသည်စခန်းတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ နေထိုင်နေရဆဲဖြစ်သလို အများစုကတော့ မိမိတို့ရဲ့ ရေဝိုင်းနေတဲ့ နေအိမ်တွေမှာပဲ နေထိုင်နေကြရပါတယ်။ အချို့အိမ်လုံးမြုတ်သွားတဲ့ ရေဘေးဒုက္ခသည်တချို့ကတော့ ရေဘေးလွတ်ကင်းရာ နေရာတွေမှာ ယာယီကာလဖျင်းတဲလေးတွေ ထိုးပြီး နေထိုင်နေရပါတယ်။
အခုလိုမျိုး ဧရာဝတီတိုင်းအတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမူဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒေသခံပြည်သူ တစ်သိန်းခွဲကျော်လောက် ရေဘေးသင့်ခဲ့ပြီး ဧရာဝတီတိုင်းတွင်း လယ်စိုက်ဧက သောင်းနဲ့ချီပြီးတော့ နှစ်မြုတ်သွားခဲ့ပါတယ်။ လယ်ယာမြေတွေ အကုန်လုံးနီးပါး ရေနစ်မြုတ်ပြီး စပါးတွေ ဆုံးရူံးခဲ့ရတဲ့ အတွက် ဒေသခံလယ်သမားတွေအတွက် အလုပ်အကိုင်ပြန်လည်ထူထောင်နိုင်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ဒေသခံဖြစ်တဲ့ ဒေါ်သိန်းရှင်က ဆိုပါတယ်။
ရေဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေသလို ကျမ်းမာရေး လူမူရေး စောင့်ရှောက်မူတွေ လိုအပ်နေပါတယ်။ ဒီလိုပဲရေနှစ်မြုတ်ပျက်ဆီးဆုံးရူံးခဲ့ရတဲ့ လယ်မြေတွေ ပြန်ပြီး အစားထိုး စိုက်ပျိုးနေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီအထောက်အပံ့က အရေးတကြီး လိုအပ်နေတယ် လို့လည်း ရေဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေနဲ့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
နိုင်ငံတဝှမ်း မြစ်ရေတွေစိုးရိမ်ရေမှတ် ကျော်လွန်မြင့်တက်ပြီး ရေလွှမ်းမိုးမူတွေ ရေကြီးမူတွေဖြစ်ခဲ့တဲ့အထဲ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် တွေမှာ ဆိုးဆိုးရွားရွား ရေဘေးဒုက္ခသင့်ခဲ့ရတာဖြစ်ပါတယ်။