သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာကွယ်ရေးဦးစီးချုပ် သြဂုတ်လဆန်း အိန္ဒိယကိုသွားမည်


မြန်မာ ကာကွယ်ရေး စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုလာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို တပတ်ကြာ အလည်အပတ် သွားရောက်ဖို့ရှိတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာ အိန္ဒိယ စစ်ရေးဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ရည်မှန်းတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၈ နေ့အထိ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုတဲ့အကြောင်း ကိုးကားဖော်ပြပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး A K Antony အပါအဝင် ထိပ်တန်း စစ်ဘက်ခေါင်းဆောင် သုံးဦးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Nirmal Verma၊ လေတပ် အကြီးအကဲ N A K Browne နဲ့ ဗိုလ်ချုပ်ကြီး Bikram Sign တို့နဲ့ သြဂုတ်လ သုံးရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးစဉ်အတွင်းမှာပဲ အိန္ဒိယ ရေတပ် အရှေ့ခြမ်းရေတပ်ဌာနချုပ်ရှိရာ ကလက္ကတားမှာ အိန္ဒိယ အရှေ့ခြမ်း စစ်ဌာနချုပ်ကနေ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ခံကြိုဆိုဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းကပဲ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၂၅ နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ်တဦးအနေနဲ့ ပထမဆုံး လာရောက်ခဲ့ပါတယ်။
XS
SM
MD
LG