သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလူထု အသံအကြို မြန်မာ့လူထု အသံ နှီးနှောဖလှယ်ပွဲ


အာဆီယံအလံများ။
အာဆီယံအလံများ။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လူထုအသံ ဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာလ ၂၈ နေ့ကနေ စတင်ပြီး ရန်ကုန်မြို့ Myanmar Convention Center မှာ ကျင်းပ နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ (၁၀) ကြိမ်မြောက် လူထုအသံဆွေးနွေးပွဲ People’s Forum ကို ရှေ့နှစ်ထဲ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာကြောင့် ဒီ ဆွေးနွေးပွဲ မတိုင်ခင် မြန်မာနိုင်ငံက လူထုအခြေပြု လူမှုအခြေပြု အဖွဲ့အစည်းတွေ အတွေ့အကြုံတွေ ရစေဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီ ဆွေးနွေးပွဲကို ကျင်းပရတာဖြစ်တဲ့အကြောင်း ဆွေးနွေးပွဲ စီစဉ်သူတွေက ပြောပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု၊ အကြမ်းဖက်မှု ဘေးအန္တရာယ်၊ ကုန်သွယ်ရေး သဘောတူစာချုပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးရလာဒ်တွေနဲ့ ဒေသတွင်း ရွှေ့ပြောင်း အလုပ်သမားများနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ကို ဆွေးနွေးသွားမယ့်အကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က ကိုယ်စားလှယ် ၅၀၀ ကျော်အပြင်၊ တခြားနိုင်ငံတွေက အစိုးရမဟုတ်တဲ့ NGO အဖွဲ့တချို့လည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အခြေခံကောင်းတွေ ရရှိလာစေဖို့ People’s Forum ကို နှစ်စဉ် ကျင်းပသွားမယ်လို့လည်း စီစဉ်သူတွေ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကစပြီး အာဆီယံ အသင်းဝင် နိုင်ငံ ဖြစ်လာခဲ့သလို၊ အဖွဲ့ဝင်သက်တမ်း ၁၇ နှစ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် တာဝန်ယူ ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ လူထုအသံ People’s Forum ကို ရှေ့နှစ်ထဲ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG