သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှု စောင့်ကြည့်ခံ စာရင်းမှာ မြန်မာပါဝင်


2015 Trafficking in Persons report
2015 Trafficking in Persons report

မြန်မာနိုင်ငံဟာ လူမှောင်ခိုမှုတွေအတွက် စောင့်ကြည့်သွားရမယ့် နိုင်ငံတခုအဖြစ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

စောင့်ကြည့်ခံစာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်။
စောင့်ကြည့်ခံစာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ကိုသာမက အာရှနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက အဓမ္မအလုပ်စေခိုင်းခံရသူတွေ၊ လိင်လုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်နေတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက ဖော်ပြထားတာပါ။ လူမှောင်ခိုမှုတွေကို နိုင်ငံတွင်းမှာတားဆီးနိုင်ရေး ဒီထက်ပိုလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။ နိုင်ငံဖြတ်ကျော် ဖြစ်ပွားတဲ့ လူမှောင်ခိုမှုတွေကို မြန်မာအာဏာပိုင်တွေ နှိမ်နင်းဖို့ ကြိုးစားပေမယ့် သိသိသာသာ တိုးတက်မှုမရှိဘူးလို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာက ပြည်ပကိုသွားပြီး ဝင်ငွေနိမ့်နဲ့ တရားမဝင် အလုပ်လုပ်နေကြရသူတွေ၊ လိင် ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အလုပ် လုပ်နေကြရသူတွေအပါအဝင် လူသန်းပေါင်းများစွာဟာ လူကုန်ကူးသူတွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်တာကို ခံနေကြရပြီး ကမ္ဘာ့စီးပွားရေးမှာ ဒီလုပ်ငန်းကလာတဲ့ငွေတွေ အမြောက်အများပါဝင်နေတယ်လို့ အမေရိကန်ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ လူကုန်ကူးမှု နှစ်ပတ်လည် အစီရင်ခံစာမှာ အခုလို ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေဟာ ခေတ်သစ်ကျွန်စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးကြီးကြီးငယ်ငယ်က ပြည့်တန်ဆာလုပ်ငန်းတွေထဲမှာ သွတ်သွင်းခံရပြီး ကလေးလူကြီး ကျားမ၊ မရွေးဟာလည်း ကမ္ဘာတလွှားမှာ ပိုက်ဆံပေး ခိုင်းရင်တောင်မှ ဝင်ငွေနည်းအလုပ်တွေနဲ့ အဓ္ဓမ ခိုင်းစေခံရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG