သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူ ၁၅၀ ထိတိုးနိုင်


ဖားကန့်မြို့မှာ မြေစာပုံပိပြီး သေးဆုံးသူတွေကို ရှာဖွေစဉ်
ဖားကန့်မြို့မှာ မြေစာပုံပိပြီး သေးဆုံးသူတွေကို ရှာဖွေစဉ်

ဖားကန့်မြို့မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းကထွက်တဲ့ မြေစာပုံကြီးပြို ကျလို့ သေဆုံးသူ (၁၀၀)ကျော်ရှိနေပြီး ၊ သေဆုံးသူ အရေအတွက် ဒီထက် ပိုများ လာနိုင်တယ်လို့ ဒေသခံ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန့်နေ ပါတယ်။ ကျောက်စိမ်း နဲ့သတ္တုတူးဖေါ်ရေး လုပ်ငန်းက ထွက်လာတဲ့ မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာ၊ အာဏာပိုင်တွေဖက်ကလဲ လူတွေ အသက် အန္တရာယ် နဲ့ ဝေးအောင်လို့ အကာအကွယ် ပေးရေး အစီအစဉ်တွေ လုပ်ဆောင်ထားခြင်း မရှိလို့ဖားကန့်မှာ မကြာခနဆိုသလို မြေစာပုံပြိုကျတဲ့ အန္တရယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြေစာပုံပိပြီး လူသေဆုံးလေ့ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ စနေနေ့ အာရုံတက်ချိန် (ရေတံလျှောက်လို့ အဓိပ္ပါယ်ရတဲ့) စင်ဂတ်ကူးရွာ နားက မြေစာပုံ ပြိုကျပြီး အောက်ခြေမှာရှိတဲ့ ယာယီလူနေတဲအိမ်တွေကို ဖုံးလွှမ်းသွား တာကြောင့်ေ ရမဆေးကျောက် ရှာဖွေဖို့ လာနေကြတဲ့ လူတွေသေဆုံးသွားရတာပါ။ တနင်္ဂနွေ ညနေပိုင်းအထိ တူးဖေါ်ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူအလောင်း ၁၅၀ လောက် ရှိနိုင်တယ်လို့ သေဆုံးသွားသူတွေထဲမှာ သူ့ရဲ့ညီအစ်ကိုဝမ်းကွဲတွေ ပါသွားတဲ့ ဦးမြင့်လှိုင်က ပြောပါတယ်။

“ကျနော် မနေ့ကထိ ၂ ခေါက်သွားကြည့်တယ်။ ကျနော့ဖက်က ညီဝမ်းကွဲတွေပါတဲ့ အတွက် သွားပြီးတော့ ကြည့်ပါတယ်။ အဲဒီမှာ တဲ အရေအတွက်က တစ်ရာခန့် ဆိုတော့ ခန့်မှန်းခြေ ၃ ယောက်နှုန်းနဲ့ဆိုရင် ၃၀၀ လောက်ရှိမယ်လို့ ပြောတယ်။ ဒါပေမယ့် လောလောဆယ် ဖေါ်လို့ ရရှိတာကတော့ ၁၅၀ လောက်ဖေါ်လို့ရတယ်။”

အလောင်းတူးဖေါ် ရှာဖွေရေးကို ညပိုင်းမှာ ရပ်နားထားပြီး ဒီကနေ့ မနက်(၇)နာရီ မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ သတ္တု တူးဖေါ်ရေးလုပ်ငန်းက ထွက်လာတဲ့ မြေစာတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက စနစ်တကျနဲ့ စွန့်ပစ်တာမျိုး မဟုတ်ပဲ အချိန် ကြာလာတဲ့အခါ ဘေးပတ်ဝန်းကျင်မှာ နေထိုင်သူတွေအတွက် အန္တရယ် ဖြစ်လာစေတယ်လို့ ဖားကန့်မြို့ခံတဦးဖြစ်တဲ့ ဦးဒါရှီလဆိုင်းက ထောက် ပြပါတယ်။

“မြေဇာပုံရဲ့အောက်မှာ သူတို့က တဲတွေထိုးပြီးတော့ မြေထားပေါ်မှာ ဒီအပေါ် ကနေ မြေဇာက လျှောကျလာတဲ့အချိန်မှာ တဲတွေက အခုလို ဖြစ်ရတဲ့ အနေ အထားပေါ့။ မြေဇာပုံတွေက သူတို့က တောတွေကို ခုတ်ထွင်ရှင်းလင်းပြီးမှ ပစ်တာ မဟုတ်ဘူးလေ နော့။ အောက်မှာက သူတို့က သစ်ပင်တွေ ဘာတွေ ပေါက်နေတဲ့ အနေအထားမျိုးတွေ ရှိတယ်။ မြောင်တွေဆိုတော့ အဲ့ဒီမှာက ရေစီးကြောင်းလေးေ တွလည်း ရှိတယ်။ နောက် မိုးတွင်းအခါမှာ မိုးရွာထားတဲ့ အနေအထားတွေကြောင့် လို့ပေါ့နော် အဲဒီ မိုးရေတွေက ရေစီး စိမ့်ဝင်သွားတဲ့ အနေအထား ဆိုတော့ မြေေ အာက်ရေစီးကြောင်းတွေ ရွှေ့လျားတဲ့အနေအမျိုး အဲလိုမျိုး ကျနော်တို့က သုံးသပ်ရ တာပေါ့နော်။”

သေဆုံးသူအလောင်းရှာဖွေရေးကို ဒေသခံအာဏာပိုင်တွေနဲ့ အဲဒီနယ်မြေမှာရှိတဲ့ စကခ(၇) လက်အောက်ခံ တပ်သားတွေက ကျောက်စိမ်းတူး ဖေါ်ရေးလုပ်ငန်း ရှင်တွေကို အကူအညီတောင်းပြီး ဝိုင်းဝန်းရှာဖွေနေကြပါတယ်။ အခုလို လူသေ ဆုံးစေတဲ့ မြေစာတွေကို လာပုံသွားတဲ့ကုမ္ပဏီ ကတော့ တစ်သုံးလုံးလို့ခေါ်တဲ့ လယမ်ရှန်း ကုမ္ပဏီဖြစ်တယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

“အဲဒီမြေဇာပုံ စွန့်ပြစ်ထားတဲ့ ကုမ္မဏီကတော့ လယမ်ရှန်း ခေါ် တစ်သုံးလုံး ကုမ္မဏီေ ပါ့နော်။ လယမ်ရှန်း ဆိုရင်တော့ ဒါ တရုတ်စကားပဲလေ နော့။ တစ်သုံးလုံးလို့သာ သူတို့ပြောပေမယ့်လည်း အဲလိုမျိုးပေါ့ အဲလိုကုမ္ပဏီတွေ များပါတယ် ဒီမှာကတော့။”

အရင်တုန်းကလဲ ဒီလိုမြေစာပုံပြိုပြီး လူသေဆုံးတဲ့ဖြစ်ရပ်မှာ သေဆုံး သူတွေ အတွက် လျှော်ကြေးငွေ အထိုင်အလျှောက်ပေးခဲ့ဖူးပါတယ်။ လက်ရှိ သေဆုံးမှု အတွက်လဲ သက်ဆိုင်ရာက လျှော်ကြေးငွေပေးလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ဦးမြင့်လှိုင်က ပြောပါတယ်။ ဖားကန့်မြို့မှာ မကြာခဏ ဆိုသလို ကျောက်စိမ်းနဲ့ သတ္တုတူးဖေါ်ရေး လုပ်ငန်းက ထွက်လာတဲ့ မြေစာတွေပိပြီး လူသေဆုံးနေ ရတာကြောင့် ဒီပြဿနာကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလဲ အခုနေရာမှာပဲ မြေစာပုံပြိုပြီး လူသေဆုံး ခဲ့ရဖူးပါတယ်။

XS
SM
MD
LG