သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KFC မြန်မာ ပထမဆုံးဆိုင်ခွဲ ရန်ကုန်မှာ အရောင်းကောင်း


(Credit: KFC Myanmar Facebook)
(Credit: KFC Myanmar Facebook)

ကမ္ဘာပေါ်မှာ အကြီးဆုံး အမေရိကန် စားသောက်ဆိုင်တွဲ franchise တွေထဲက တခုဖြစ်တဲ့ ကန်တက်ကီ fried chicken ခေါ် KFC ကြက်ကျော်ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မနေ့ ဇွန်လ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာမှာ စာသုံးသူရာပေါင်းများစွာတို့ အားပေးခဲ့ကြတာ တွေ့ရပါတယ်။

နာမည်ကြီး KFC ကြက်ကျော် ဝယ်စားနိုင်ဖို့အတွက် ဆိုင်မဖွင့်ခင် နာရီပေါင်းများစွာကြိုပြီး လူတွေ ဆိုင်ရှေ့မှာ တန်းစီခဲ့ကြပါတယ်။ လာရောက်စားသုံးသူတွေက ကြက်ကြော်ပုံးကြီးတွေကိုင်ပြီး ဆိုဒါအအေးခွက်တွေကိုင်ပြီး selfi ပုံတွေ ရိုက်ခဲ့ကြတာတွေလည်း တွေ့ရပါတယ်။

၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ပြီး အမေရိကန်နဲ့ ဥရောပ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချပေးခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံ နာမည်ကြီးတံဆိပ်တွေ မြန်မာဈေးကွက်ထဲ ဝင်လာတဲ့အနက် KFC လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

KFC ဟာ အမေရိကန်စားသောက်ဆိုင်တွဲ franchise ဖြစ်တဲ့အတိုင်း KFC (မြန်မာ) စားသောက်ဆိုင်လုပ်ငန်းကို YUM ကုမဏီနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် Serge Pun ဦးဆောင်တဲ့ ရိုးမ Strategic Holdings တို့က တွဲဘက် ဖွင့်လှစ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေအနက် Chevrolet, Ford, Coca-Cola နဲ့ Pepsi စသဖြင့် ပါဝင်ပါတယ်။

XS
SM
MD
LG