သုံးရလွယ်ကူစေသည့် Link များ

မြန်မာလာအို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဖွင့်လှစ်


မြန်မာ-လာအိုချစ်ကြည်ရေး မြစ်ကူး တံတား ကို နှစ်နိုင်ငံသမ္မတတို့ ဖွင့်လှစ်ပေးစဉ်။ (မေ ၁၀၊ ၂၀၁၅/ ဓာတ်ပုံ-မြန်မာသမ္မတရုံးဝဘ်ဆိုဒ်)
မြန်မာ-လာအိုချစ်ကြည်ရေး မြစ်ကူး တံတား ကို နှစ်နိုင်ငံသမ္မတတို့ ဖွင့်လှစ်ပေးစဉ်။ (မေ ၁၀၊ ၂၀၁၅/ ဓာတ်ပုံ-မြန်မာသမ္မတရုံးဝဘ်ဆိုဒ်)

မဲခေါင်မြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံမြောက်ပိုင်းကို ဆက်သွယ် တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးတံတားသစ်ပေါ်မှာဒီနေ့ တနင်္ဂနွေနေ့က စပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာဖို့တရားဝင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီတံတားဟာ လာအိုနိုင်ငံ လွမ် နန့်သာ Luang Namtha ပြည်နယ် ဟွမ်ကုန်ကျေးရွာနဲ့ မြန်မာနိုင်ငံရှမ်းပြည် နယ် တာချီလိတ်မြို့နယ်ကို ဖြတ်သန်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသစ်ဖွင့်ပွဲကို လာအိုနိုင်ငံမြောက်ဖက် နမ့်သာ Namtha ပြည်နယ်မှာ စနေနေ့ကကျင်းပရာမှာ လာအိုသမ္မတ Choummaly Sayasone နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တက်ရောက်ခဲ့ကြတယ်လို့ လောနိုင်ငံ အစိုးရပိုင် KPL သတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဒီတံတားသစ်က နှစ်နိုင်ငံ အပြန်အလှန်ယုံကြည်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေရတဲ့ အထိမ်းအမှတ် မှတ်တိုင် တခုလည်းဖြစ်ပါတယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး နဲ့ ဒုတိယဝန်ကြီးချုပ်တာဝန်တွေထမ်းဆောင်နေတဲ့ Thongloun Sisoulith က ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ မြန်မာသမ္မတ

မြန်မာ-လာအိုနှစ်နိုင်ငံချစ်ကြည်ရေး မြစ်ကူးတံတားကို နှစ်နိုင်ငံသမ္မတတို့ ဖွင့်လှစ်ပေးစဉ်။ (မေ ၁၀၊ ၂၀၁၅/ ဓာတ်ပုံ-မြန်မာသမ္မတရုံးဝဘ်ဆိုဒ်)
မြန်မာ-လာအိုနှစ်နိုင်ငံချစ်ကြည်ရေး မြစ်ကူးတံတားကို နှစ်နိုင်ငံသမ္မတတို့ ဖွင့်လှစ်ပေးစဉ်။ (မေ ၁၀၊ ၂၀၁၅/ ဓာတ်ပုံ-မြန်မာသမ္မတရုံးဝဘ်ဆိုဒ်)

လာအိုနိုင်ငံကို တရားဝင် အလည်အပတ်ခရီးသွားခဲ့စဉ်က ဒီချစ်ကြည်ရေးတံတား တည်ဆောက်ဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တံတားတည်ဆောက်တဲ့လုပ်ငန်းကို စတင်ခဲ့ပြီး သတ်မှတ်ချိန်ထက် (၅) လ ပိုစောပြီး တည်ဆောက်ပြီးစီးသွားတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကြီးကို အမေရိကန်ဒေါ်လာ ၂၆ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ် ရှင်။

XS
SM
MD
LG