သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာချုပ် အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံ


အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီးရောက်နေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒီကနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား လုံခြုံရေးကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar အိန္ဒိယလေတပ်ဦးစီးချုပ် Arup Raha တို့နဲ့အတူ အိန္ဒိယဝန်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နယူးဒေလီမြို့တော်မှာ တွေ့ဆုံခဲ့တာပါ။

အိန္ဒိယထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာ့တပ်မတော် အကြီးအကဲက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် မိတ်ဘက်တိုင်းပြည်အဖြစ် အိန္ဒိယရဲ့ ရပ်တည်ချက်အပေါ် ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ရေကြောင်းလုံခြုံရေး အပါအဝင် ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့တယ်လို့လည်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ်ကလည်း အလားတူ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုပြောကြားခဲ့သလို၊ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအပေါ် ချီးကျုးစကား ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတဆင့် သမ္မတဦးသိန်းစိန်က ဖိတ်ကြားခဲ့တာကိုတော့ အမြန်ဆုံး လာနိုင်ဖို့ စီစဉ်မှာ ဖြစ်တဲ့အကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောဆိုခဲ့သလို၊ အပြန်အလှန်အနေနဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အခြေစိုက်ပြီး အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်နေတဲ့ နာဂသူပုန်တွေ လက်ချက်ကြောင့် ပြီးခဲ့တဲ့ လထဲမှာပဲ အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ လောက် သေဆုံးခဲ့ပြီးနောက် အိန္ဒိယက မြန်မာနိုင်ငံထဲအထိ စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG