သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅ နှစ်အောက်ကလေး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး


ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ် (Photo Credit-Officially Page of Myanmaalinn Newspaper)
ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ် (Photo Credit-Officially Page of Myanmaalinn Newspaper)

မြန်မာနိုင်ငံမှာ ပိုလီယိုရောဂါ ဖြစ်ပွါးမှု အသစ် ၂ ခု ထပ်ပြီး တွေ့လာရတဲ့အတွက် အသက် ၅ နှစ်အောက် ကလေးငယ်တွေအကြား ဖြစ်ပွားတတ်တဲ့ ပိုလီယိုရောဂါ အမြစ်ပြတ်စေဖို့ ကလေးငယ် ၄ သန်းခွဲအတွက် ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂ ရက်ကြာ ကာကွယ်ဆေးတိုက်ကျွေးတဲ့ အစီအစဉ်ကို လုပ်ဆောင်နေပါတယ်။

ဒုတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်အတွင်းမှာရှိတဲ့ ဆေးရုံတွေက သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဒီအစီအစဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒေသတွင်းမှာရှိတဲ့ ကလေးဦးရေ ၂,၀၀၀ ထောင်ကျော်အတွက် ပါးစပ်ကနေတဆင့် တိုက်ကျွေးရတဲ့ ပိုလီယိုကာကွယ် ဆေးရည်တိုက်ကျွေးတဲ့ ဆေးခန်းပေါင်း ၂၀ ကို ဖွင့်လှစ်ပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပိုလီယိုရောဂါ ဖြစ်ပွားမှု ၂ ခု တွေ့ရှိခဲ့ရကြောင်း သိရှိခဲ့ရပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်း ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပိုလီယိုရောဂါ ကင်းရှင်းကြောင်း ကြေညာနိုင်ဖို့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေအတွက် နောက်တကြိမ် လှုပ်ရှားမှုအဖြစ် ကာကွယ်ဆေးထိုးပေးတဲ့ လှုပ်ရှားမှု ပြောင်းလဲ မလုပ်ဆောင်ခင် ကလေးငယ်ပေါင်း ၄ သန်းခွဲကို ပိုလီယိုဆေးတိုက်ကျွေး ထားနိုင်မယ်လို့ မျှော်လင့်ထားတာပါ။ သောက်ဆေးကနေ ထိုးဆေးအဖြစ် ပြောင်းလဲ လုပ်ဆောင်လိုက်ခြင်းအားဖြင့် ကလေးငယ်တွေအနေနဲ့ ကာကွယ်ဆေး ၃ ကြိမ် သောက်ရမယ့်အစား တကြိမ်ပဲ ကာကွယ်ဆေးထိုးဖို့ လိုတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်အတွင်း ပိုလီယိုရောဂါ ကင်းစင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာနိုင်ခဲ့တဲ့ အာဆီယံ (၁၀) နိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG