သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MERS ကူးစက်မြန်ရောဂါ ကာကွယ်ရေး မြန်မာပြင်ဆင်


တောင်ကိုရီယားနိုင်ငံမှာ အဖြစ်များနေတဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ MERS ကူးစက်မြန်ရောဂါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာလည်း ကျန်းမာရေးအာဏာပိုင်တွေဖက်က ကြိုတင်ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီယားနဲ့ မြန်မာအကြားမှာ နေ့စဉ်လေကြောင်းခရီးစဉ် အဝင်အထွက်တွေ ဖြစ်နေတဲ့အတွက် ရောဂါကူးစက်နိုင်ချေ များနေတာမို့၊ အခုလို ကြိုတင်ကာကွယ်မှု အစီအမံတွေ ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးနဲ့ ကူးစက်ရောဂါ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ကျန်းမာရေးဌာနဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေကို အခုလို ရှင်းပြပါတယ်။

“အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ကျနော်တို့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ Team တွေပေါ့၊ Rapid Response Team တွေ အဲဒီ Team တွေနဲ့ ကျနော်တို့က ဝင်လာတဲ့ ခရီးသည်တွေ ကျနော်တို့က Fever Screening ပေ့ါ Infrared Fever Screening System နဲ့ အဖျားရောဂါ ရှိ မရှိကို စစ်ဆေးတယ်။ အဖျားရှိတဲ့ ခရီးသည်တွေဆိုရင်တော့ ကျနော်တို့ လေဆိပ်ကျန်းမာရေးဌာနမှာ သီးခြားခေါ်ယူပြီးတော့ ကျနော်တို့ အသေးစိတ် ရာဇဝင်ယူတယ်။ ပြီးလို့ရှိရင် အသေးစိတ် ကျန်းမာရေး စစ်ဆေးမှုတွေလုပ်တယ်။ အီဘိုလာရောဂါလိုမျိုးတော့ မဟုတ်ဘူး။ အီဘိုလာရောဂါကကျတော့ ဖြစ်တဲ့နိုင်ငံတွေကို ခရီးသွားဖူးတဲ့ ရာဇဝင်ရှိတဲ့သူတွေ ဆိုရင်တော့ ကျနော်တို့က Suspected Case အနေနဲ့ Investigation တွေ ဆက်လုပ်တာပေါ့။ MERS ကကျတော့ ခုနလို အဖျားရှိတဲ့ ခရီးသည်တွေဆိုရင် အခုနလို နိုင်ငံကို Specific မလုပ်တော့ဘဲနဲ့ MERS လူနာတွေကို ပြုစုကုသ ကိုင်တွယ်ခဲ့ဖူးသလား၊ ဒါမှမဟုတ်ရင် ဒီ MERS လူနာနဲ့ အနီးကပ် နေထိုင်ခဲ့ဖူးသလား စသဖြင့် ဒီလို အသေးစိတ် ရာဇဝင်တွေ ယူပြီးတော့ တကယ်လို့ Contact ရှိခဲ့တဲ့သူတွေ ဆိုရင်တော့ ကျနော်တို့ သတ်မှတ်ထားတဲ့ Designated Hospital ပေ့ါ ရန်ကုန်မှာဆိုရင်တော့ ကျနော်တို့ ဝေဘာဂီအထူးကုဆေးရုံကြီးကို စနစ်တကျ ရောဂါကာကွယ်ထိန်းချုပ်မှု အစီအစဉ်တွေ အပြည့်အဝလုပ်ပြီးတော့ ဆိုလိုတာကတော့ ဒီခရီးသည်ကိုလည်းပဲ ကျနော်တို့က Personal Protective Equipment အပြည့်အစုံ ဝတ်ပေးတယ်။ ကျနော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်မှုမရှိအောင်လည်းပဲ Personal Protective Equipment အပြည့်အစုံနဲ့ သတ်မှတ်ထားတဲ့ Ambulance နဲ့ ကျနော်တို့ ဝေဘာဂီဆေးရုံကြီးကို ပို့ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ လက်ရှိ မြန်မာနိုင်ငံထဲမှာရော သံသယဖြစ်ဖွယ် လူနာမျိုးတွေ တွေ့တာမျိုးရော ရှိပါသလား။

ဖြေ။ ။ “လက်ရှိတော့ မရှိသေးပါဘူးခင်ဗျ။ ဟုတ်ကဲ့။ ဒါ ကျနော်တို့က ဆက်တိုက်လုပ်နေတာပေါ့။ အီဘိုလာ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကိုလည်းပဲ ကျနော်တို့က အရှိန်အဟုန်မပြတ်သေးဘူး။ မပြတ်သေးတော့ အခုနလို ရောဂါစစ်ဆေးတဲ့ကိစ္စတွေရော၊ ဆေးရုံတွေက ပြင်ဆင်ထားရှိမှုတွေရော၊ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဒီဟာနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုတွေရော အရှိန်အဟုန်မပြတ်သေးတော့ အခု MERS Scope အတွက်ကျတော့ ကျနော်တို့က အသင့်အနေအထားမှာ ဖြစ်နေတယ်။ ဓာတ်ခွဲခန်း နမူနာစစ်ဆေးတာတခုပဲ ကျနော်တို့က အီဘိုလာနဲ့ MERS Scope နဲ့က မတူတော့ဘူး။ MERS Scope ကျတော့ ကျနော်တို့က ပြည်တွင်းမှာပဲ ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။”

မေး။ ။ အရင်တုန်းက အီဘိုလာရောဂါ နှိမ်နင်းရေးမှာတော့ နိုင်ငံတကာမှာတော့၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ WHO တို့ ဘာတို့ ပါဝင်ပတ်သက်ပြီး လုပ်တာတွေရှိတယ်။ နောက် လေကြောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမျိုး လုပ်တာတွေရှိပါတယ်။ အခု ဒီ MERS နဲ့ ပတ်သက်လို့ရော မြန်မာအာဏာပိုင်တွေဘက်ကရော ဘယ်လိုဆောင်ရွက်မှု ရှိပါသလဲ။

ဖြေ။ ။ “ကူးစက်ရောဂါတွေပေါ့ အထူးသဖြင့်တော့ Pandemic Threat ရှိတဲ့ New Emerging Disease ပေ့ါ။ ဒီ Disease တွေနဲ့ ပတ်သက်ပြီးတော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဗဟိုကော်မတီ ဖွဲ့စည်းပြီးတော့ ကျနော်တို့က ဆောင်ရွက်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနတင် မကဘဲနဲ့ ဝန်ကြီးဌာနပေါင်းစုံ၊ နောက် အခုနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် ကျနော်တို့ Implementing Partners၊ နောက် တခြား ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်တာဆိုတော့ အခု ဒီ MERS Scope အတွက်လည်း ကျနော်တို့က ဒီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အဓိကပေါ့။ သက်ဆိုင်ရာ နှီးနွယ်နေတဲ့ ဝန်ကြီးဌာနတွေရော၊ တခြားအဖွဲ့အစည်းတွေနဲ့ပါ ကျနော်တို့က ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။”

မေး။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက ကိုရီးယားမှာဖြစ်ပျက်နေတာက မြန်မာနိုင်ငံနဲ့လည်း အသွားအလာက ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ဘယ်လောက်အထိ စိုးရိမ်စရာ ရှိပါသလဲ။

ဖြေ။ ။ “တောင်ကိုရီးယားတို့၊ China တို့၊ မလေးရှားတို့၊ ဖိလစ်ပိုင်တို့မှာ ကူးစက်ဖြစ်ပွားမှုကျတော့ အထူးသဖြင့် တောင်ကိုရီးယားကျတော့ ကျနော်တို့နဲ့လည်းပဲ နေ့စဉ် လေကြောင်းလိုင်းနဲ့ ခရီးသည်တွေ အဝင်အထွက်တွေ ရှိနေတာပေါ့။ ရှိနေတော့ Risk အနေနဲ့ကတော့ ကျနော်တို့အတွက် ပိုပြီးတော့ များတာပေ့ါ။ များတဲ့အတွက်ကြောင့်လည်း ကျနော်တို့က ပိုပြီးတော့ ထိထိရောက်ရောက်ပေါ့ အစစအရာရာ Stand by Position နဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”

XS
SM
MD
LG