သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတဦးသိန်းစိန်တွေ့ဆုံ


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
သမ္မတ အိုဘားမား ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စုစုပေါင်း ခြောက်နာရီခန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပထမဆုံး သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ရာ မှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို သမ္မတအိုဘားမားက ချီးကျူးပြောဆိုခဲ့ပါတယ်။

ရှေ့ဆက်လုပ်ငန်းစဉ်တွေ အများကြီရှိသေးတယ်ဆိုတာကိုတော့ သူက သတိပေးပြောကြားပါတယ်။ အထူးခြားဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ အမည်ကို ဘားမား လို့မသုံးနှုံးဘဲ မြန်မာ လို့ သတင်းထောက်များကိုပြောကြားစဉ်မှာ ပထမဆုံးသုံးစွဲသွားခဲ့ပါတယ်။
XS
SM
MD
LG